By Hay Man Oo on November 30, 2021
Beginner

လစဉ် ကုန်လက်ကျန်စစ်ဆေးပြီး လိုအပ်သည့် စာရင်းညှိနှိုင်းမှုပြုလုပ်ရာတွင် Inventory write-off နှင့် Journal Entry အားအသုံးပြု၍ ကုန်စာရင်းညှိနှိုင်းနိုင်သည်။


ကုန်ပစ္စည်းတွင်ပိုနေသည့်အရေအတွက်အားလျော့မည်ဆိုပါက Inventory Write-off အားအသုံးပြုရမည်။

ကုန်ပစ္စည်းတွင် လိုနေသည့်အရေအတွက်အား ထပ်မံထည့်သွင်းလိုပါက Journal Entry အားအသုံးပြုရမည်။

စာရင်းဦးညှိနှိုင်းမှုပြုလုပ်ရာတွင် ပထမဦးစွာ Chart of Account တွင် Stock Adjustment Account ကိုထည့်ပေးရမည်။



Setting ထဲမှ Chart of Account သို့သွားပါ။



Profit and Loss Statement ဘက်ခြမ်းမှ New Account ကိုနှိပ်ပါ။



Name တွင် Stock Adjustment ဟုထည့်ပါ။


Group တွင် Expenses(or)Income ကို‌‌ရွေးပါ။


Create ကိုနှိပ်ပါ။


ကုန်ပစ္စည်းတွင်ပိုနေသည့်အရေအတွက်အားလျော့မည်ဆိုပါက Inventory Write-off အားအသုံးပြုရမည်။



Inventory Item တွင်ကြည့်ရှု့ပါက စာရင်းညှိလိုသည့်ကုန်ပစ္စည်းသည် software တွင်များ၍ အပြင်တွင်နည်းနေပါက ကုန်စာရင်းညှိရန်အတွက်



Inventory Write-offs ကိုနှိပ်ပါ။



New Write-off ကိုနှိပ်ပါ။



Date တွင် Adjustment လုပ်လိုသည့်ရက်အားရွေးချယ်ပါ။

Inventory Item တွင် stock ကိုက်မည့် item အမည်အားရွေးချယ်ပါ။

Qty တွင် လျော့လိုသည့်အရေအတွက်အားထည့်သွင်းပါ။

Allocation Account တွင် Adjustment Acc အားရွေးချယ်ပါ။



Create နှိပ်ပါ။



Write-off လုပ်ထားသည့် item အားတွေမြင်ရမည်။



Inventory Item တွင်ကြည့်ရှု့ပါကလည်း ညှိလိုက်သည့်အရေအတွက် လျော့သွားကြောင်းတွေ့မြင်ရမည်။


ကုန်ပစ္စည်းတွင် လိုနေသည့်အရေအတွက်အား ထပ်မံထည့်သွင်းလိုပါက Journal Entry အားအသုံးပြုရမည်။


Journal Entry ထည့်သွင်းရန်အတွက်



Journal Entries ကိုနှိပ်ပါ။



New Journal Entry ကိုနှိပ်ပါ။



Date တွင် Adjustment လုပ်လိုသည့်ရက်အားရွေးချယ်ပါ။

ပထမအကြောင်း၏ Account တွင် inventory acc အားရွေးချယ်ပါ။

Inventory item တွင် adjustment လုပ်လိုသည့် item အားရွေးချယ်ပါ။

Qty တွင် ညှိလိုသည့်အရေအတွက်အားထည့်သွင်းပါ။

Debit တွင် (qty*cost) ဈေးအားထည့်သွင်းပါ။


ဒုတိယတစ်ကြောင်း၏ Account တွင် Adjustment acc အားရွေးချယ်ပါ။

Credit တွင် (qty*cost) ဈေးအားထည့်သွင်းပါ။



Create နှိပ်ပါ။



ကုန်စာရင်းညှိထားသည့် Journal အားတွေ့မြင်ရမည်။



Inventory Item တွင်ပြန်လည်ကြည့်ရှု့ပါက ညှိလိုက်သည့်အရေအတွက် တိုးလာကြောင်းတွေ့မြင်ရမည်။


More articles on MSME Books



More articles on MSME Books
Comments

No comments yet. Start a new discussion.

Add Comment