By Eaint Thet Phoo on July 22, 2021
Beginner

Consignment Supplier များမှ လာချပေးသောကုန်ပစ္စည်းများ၏စာရင်းအား Purchase Invoice တွင်ထည့်သွင်းပေးရမည်။



New Purchase Invoice ကိုနှိပ်ပါ။



Invoice Date တွင် ကုန်ပစ္စည်းလာရောက်ချပေးသည့်နေ့ကို ရွေးချယ်ပါ။

Supplier ကိုရွေးချယ်ပါ။

Item တွင် Consignment ချပေးသွားသော ကုန်ပစ္စည်းကိုရွေးချယ်ပါ။

Qty တွင် အရေအတွက်ကိုထည့်သွင်းပါ။

Unit Price တွင် မည့်သည့်စျေးနှုန်းဖြင့် ချေပေးရသည်ကိုရွေးချယ်ပါ။

Amount ကို စစ်ဆေးပါ။

Create ကိုနှိပ်ပါ။



ထည့်သွင်းထားသော Consignment လာရောက်ချပေးထားသည့် Invoice ကိုတွေ့ရမည်။



ထို Invoice အတွက် ငွေတစ်ခါတည်းရှင်းပေးလိုက်သည်ဆိုပါက New Payment ကိုနှိပ်ပါ။



Date တွင် ငွေရှင်းပေးလိုက်သည့်နေ့ကိုရွေးချယ်ပါ။

Unit Price တွင် Invoice ဖွင့်ထားသည့်အတိုင်းအားလုံးရှင်းပေးလိုက်ပါက ပြင်ရန်မလိုပါ။

Create ကိုနှိပ်ပါ။



Purchase Invoice ကိုစစ်ဆေးကြည့်ပါက ငွေချေပြီးသားဖြစ်ကြောင်းကိုတွေ့ရမည်။



Inventory Items တွင်ပြန်လည်စစ်ဆေးကြည့်ပါက အရေအတွက် တိုးလာသည်ကို တွေ့ရမည်။

ထို Consignment ကုန်ပစ္စည်းများအား အရောင်းစာရင်းထည့်သွင်းမည်ဆိုပါက...



Receipts & Payments ထဲမှ New Receipt ကိုနှိပ်ပါ။



Date တွင် ရောင်းချသည့်နေ့ကို ထည့်သွင်းပါ။

Received in တွင် လက်ခံသည့် ငွေစာရင်းစာအုပ်ကိုရွေးချယ်ပါ။

Item တွင် ရောင်းချလိုက်သော ကုန်ပစ္စည်းကို ရွေးချယ်ပါ။

Qty တွင် ရောင်းချလိုက်သော အရေအတွက်ကို ထည့်သွင်းပါ။

Unit Price တွင် ရောင်းချလိုက်သော စျေးနှုန်းကို ထည့်သွင်းပါ။

Amount ကိုစစ်ဆေးပါ။

Create ကိုနှိပ်ပါ။



ရောင်းချလိုက်သော ကုန်ပစ္စည်းစာရင်းကို တွေ့ရမည်။



Inventory Item တွင်ပြန်လည်စစ်ဆေးကြည့်ပါက လက်ကျန်ကုန်ပစ္စည်းကို တွေ့ရမည်။


နောက်တစ်ကြိမ် Consignment ချသောအခါ ပထမတစ်ကြိမ်ချပေးသော Consignment စာရင်းရှင်းမည်ဆိုပါက ပြန်ပေးမည့်ကုန်ပစ္စည်းစာရင်းကို အရင်ထည့်သွင်းပေးရမည်။


ပြန်ပေးမည့် ကုန်ပစ္စည်းစာရင်းကို ထည့်သွင်းရန် ပထမ Consignment ချထားသော  Purchase Invoice ကိုနှိပ်ပါ။



ပထမ Purchase Invoice ရှိ Copy to မှ Debit Note ကိုနှိပ်ပါ။



Issue Date တွင် ကုန်ပစ္စည်းပြန်ရှင်းသော နေ့ကိုရွေးချယ်ပါ။

Qty တွင် Supplier အားပြန်ပေးမည့် အရေအတွက်ကို ထည့်သွင်းပါ။

Create ကိုနှိပ်ပါ။



Supplier အား ငွေပိုရှင်းထားကြောင်းတွေ့ရမည်။


ထိုပြေစာအတွက်ငွေပိုရှင်းထားသည်ကို နောက် Consignment ဘောင်ချာနှင့် ပေါင်းရှင်းမည်ဆိုပါက နောက် Consignment အတွက် Purchase Invoice ဖွင့်ပေးရမည်။



ထပ်မံဖွင့်ထားသော Consignment ဘောင်ချာအား ပထမအစောင်တွင်ပိုရှင်းထားသောပမာဏနှင့် ပေါင်းချေမည်ဆိုပါက ငွေရှင်းရန်အတွက်ကျန်ရှိသော Overdue အစောင်ရှိ  View ကိုနှိပ်ပါ။



New Payment ကိုနှိပ်ပါ။



Date တွင် ရှင်းလိုက်သည့်နေ့ကို ရွေးချယ်ပါ။

Paid from တွင် ငွေထုတ်ပေးလိုက်သည့် Cash (or) Bank Book ကိုရွေးချယ်ပါ။

ထိုအစောင်အတွက် ငွေရှင်းရမည့် ပမာဏကျလာသည်ကို တွေ့ရမည်။

ပထမ Consignment တွင် ပိုရှင်းပေးထားသည့် ပမာဏနှင့် ပေါင်းရှင်းမည်ဖြစ်သောကြောင့် Add Line ကိုနှိပ်ပါ။

Account တွင် Accounts Payable ကိုရွေးပါ။ Supplier ကိုရွေးပါ။ ပိုရှင်းပေးလိုက်သည့် Invoice နံပါတ်ကို ရွေးချယ်ပါ။

Unit Price တွင် ပိုရှင်းပေးလိုက်သော အစောင်အတွက် minus ထည့်ကာ ပိုပေးလိုက်သောပမာဏအားထည့်သွင်းပေးရမည်။

Create ကိုနှိပ်ပါ။



Supplier အား ရှင်းပေးလိုက်ရသည့် စုစုပေါင်းပမာဏအားတွေ့ရမည်။



Purchase Invoice တွင်ပြန်လည်ကြည့်ရှုပါက Invoice နှစ်စောင်လုံးအတွက် ငွေရှင်းပြီးဖြစ်ကြောင်းတွေ့ရမည်။


Inventory Summary Report တွင် ပြန်လည်ကြည့်ရှုပါက...



ထို Consignment ကုန်ပစ္စည်းအဝင်အထွက် အသေးစိတ်နှင့် လက်ကျန်ကို တွေ့ရမည်ဖြစ်သည်။




More articles on MSME Books



More articles on MSME Books
Comments

No comments yet.

Add a comment
Ctrl+Enter to add comment