By Eaint Thet Phoo on July 26, 2021
Beginner

လုပ်ငန်းလည်ပတ်ရာတွင် အသုံးပြုသော ပုံသေပိုင်ပစ္စည်းများကို MSME ၌ထည့်သွင်းရာတွင် အောက်ပါအတိုင်းအဆင့်ဆင့်လုပ်ဆောင်ပေးရန်လိုအပ်သည်။


ပုံသေပိုင်ပစ္စည်းစာရင်းခေါင်းစဥ်များသတ်မှတ်ရန်အတွက်...


Settings ကိုနှိပ်ပါ။


Chart of Accounts ကိုနှိပ်ပါ။



Fixed Assets အုပ်စု စာရင်းခေါင်းစဥ်များသတ်မှတ်ရန် Balance Sheet အခြမ်းမှ New Group ကိုနှိပ်ပါ။


Name တွင် Fixed Assets (or) Non-Current Assets ဟုထည့်သွင်းပါ။

Group တွင် Assets ကို ရွေးချယ်ပါ။

Create ကိုနှိပ်ပါ။



ထည့်သွင်းထားသော Fixed Assets စာရင်းခေါင်းစဥ်ကို တွေ့ရမည်။


Fixed Assets ခေါင်းစဥ်အောက်တွင် ပါဝင်သော ပုံသေပိုင်ပစ္စည်းအုပ်စုကို ထည့်သွင်းပေးရန်...



Settings ထဲမှ Control Accounts ကိုနှိပ်ပါ။


ပုံသေပိုင်ပစ္စည်းစာရင်းအုပ်စုကို ထည့်သွင်းရန်...



Fixed Assets, at cost ရှိ New Control Account ကိုနှိပ်ပါ။



Name တွင် လုပ်ငန်းတွင်ရှိမည့် ပုံသေပိုင်ပစ္စည်းစာရင်းအုပ်စုအမည်ကို ထည့်သွင်းပါ။

Group တွင် Fixed Assets ကိုရွေးချယ်ပါ။

Create ကိုနှိပ်ပါ။



ထည့်သွင်းထားသော Fixtures & Fittings ကို တွေ့ရမည်။

အခြား အုပ်စုများရှိပါက ထိုနည်းအတိုင်းထပ်မံထည့်သွင်းနိုင်ပါသည်။



အခြားသော ထပ်မံထည့်သွင်းလိုက်သည့် ပုံသေပိုင်ပစ္စည်းအုပ်စုများကိုတွေ့ရမည်။


ပုံသေပိုင်ပစ္စည်းအုပ်စုများထည့်သွင်းပြီးပါက ၎င်းတို့နှင့်သက်ဆိုင်သော တန်ဖိုးလျော့ ခေါင်းစဥ်များကို သတ်မှတ်ပေးရမည်။



Fixed Assets, accumulated depreciation အကွက်ရှိ New Control Account ကိုနှိပ်ပါ။



Name တွင် ထားရှိမည့် တန်ဖိုးလျော့အမည်ကိုထည့်သွင်းပါ။

Group တွင် Fixed Assets ကိုရွေးချယ်ပါ။

Create ကိုနှိပ်ပါ။



ထည့်သွင်းထားသော စာရင်းအမည်ကို တွေ့ရမည်။

အခြားသော စာရင်းများကိုလည်း ထိုနည်းအတိုင်းထည့်သွင်းပါ။



ထပ်မံထည့်သွင်းထားသော အမည်များကို တွေ့ရမည်။



Balance Sheet တွင် ပြန်လည်ကြည့်ရှုပါက ထည့်သွင်းထားသော စာရင်းများကိုတွေ့ရမည်။


Balance Sheet ဘက်အခြမ်းတွင် ထည့်သွင်းပြီးပါက လစဥ်တန်ဖိုးလျော့စရိတ်အနေဖြင့်ပြသရန် Profit & Loss ဘက်ခြမ်းတွင်စာရင်းခေါင်းစဥ်သတ်မှတ်ပေးရမည်။



Chart of Account ရှိ Profit and Loss Statement ဘက်ရှိ New Account ကို နှိပ်ပါ။



Name တွင်စရိတ်အကောင့်အမည်ကို ထည့်သွင်းပါ။

Group တွင် Expenses ကိုရွေးချယ်ပါ။

Create ကိုနှိပ်ပါ။



ထည့်သွင်းထားသော စရိတ်အကောင့်ကို တွေ့ရမည်။ အခြားတန်ဖိုးလျော့စရိတ်အကောင့်များကိုလည်း ထိုနည်းအတိုင်းထည့်သွင်းပါ။


ထိုထည့်သွင်းထားသော စာရင်းများကို လုပ်ငန်းတွင်ရှိသော ပုံသေပိုင်ပစ္စည်းစာရင်းများနှင့်ချိတ်ဆက်ပေးရမည်။



Fixed Assets ကိုနှိပ်ပါ။



New Fixed Asset ကိုနှိပ်ပါ။



Item Code တွင် ထည့်သွင်းလိုပါက ထည့်သွင်းပါ။

Item Name တွင် ပုံသေပိုင်ပစ္စည်း၏အမည်ကို ထည့်သွင်းပါ။

Depreciation rate တွင် တစ်နှစ်စာတန်ဖိုးလျော့နှုန်းမည်မျှထည့်သွင်းမည်ကို သတ်မှတ်ပါ။



Control Account - acquisition cost တွင် သက်ဆိုင်ရာ Fixed Assets Account နှင့်ချိတ်ပါ။

Control Account - accumulated depreciation တွင် သက်ဆိုင်ရာတန်ဖိုးလျော့စာရင်းနှင့် ချိတ်ပါ။

Starting Balance Acquisition cost တွင် Software ထဲစာရင်းမစတင်ခင်တွင် ဝယ်ခဲ့သော ပစ္စည်းဖြစ်ပါက ဝယ်ခဲ့စဥ်က တန်ဖိုးကို ထည့်သွင်းပါ။

Accumulated depreciation တွင် ဝယ်သည့်အချိန်မှ Software ထဲထည့်မည့်အချိန်ထိ တန်ဖိုးလျော့ပမာကို တွက်ချက်ထည့်သွင်းပါ။

Custom depreciation expense account ကိုအမှန်ခြစ်ပါ။ လစဥ်စရိတ်အနေဖြင့်ပြမည့် သက်ဆိုင်ရာတန်ဖိုးလျော့အကောင့်ကို ရွေးချယ်ပါ။

Create ကိုနှိပ်ပါ။



ထည့်သွင်းထားသော Fixed Assets စာရင်းနှင့် ကျန်ရှိနေသော လက်ကျန်တန်ဖိုးကို တွေ့ရမည်ဖြစ်သည်။


Software စာရင်းစတင်ပြီးနောက်ပိုင်းမှ ဝယ်သော ပုံသသေပိုင်ပစ္စည်းစာရင်းဖြစ်ပါက..



Fixed Assets Name ထည့်သွင်းသည့်အခါ Starting Balance တွင် ထည့်သွင်းရန်မလိုပါ။

Create ကိုနှိပ်ပါ။



ထည့်သွင်းထားသော Fixed Assets Name ကိုတွေ့ရမည်။


Fixed Assets ကိုလက်ငင်းအဝယ်စာရင်းထည့်သွင်းပါက...



Receipts & Payments ကိုနှိပ်ပါ။



ငွေတစ်ခါတည်းပေးချေသည်ဖြစ်သည့်အတွက် New Payment ကိုနှိပ်ပါ။



Date တွင် ဝယ်သည့်နေ့ကိုထည့်သွင်းပါ။

Paid from တွင် မည်သည့် ငွေစာရင်း (or) ဘဏ်စာရင်းမှ ထုတ်ပေးရသည်ကို ရွေးချယ်ပါ။

Account တွင် ဝယ်ယူလိုက်သော သက်ဆိုင်ရာစာရင်းခေါင်းစဥ်ကိုရွေးချယ်ပါ။

နောက်တစ်ကွက်တွင် မည်သည့် ပစ္စည်းဝယ်ယူကြောင်းရွေးချယ်ပါ။

Qty တွင် အရေအတွက်ကို ထည့်သွင်းပါ။ Unit Price တွင် တန်ဖိုးကိုထည့်သွင်းပါ။

Create ကိုနှိပ်ပါ။



ထည့်သွင်းထားသော ငွေပေးချေလွှာပြေစာကို တွေ့ရမည်။


Fixed Assets တွင်ပြန်လည်ကြည့်ရှုပါက...



ထည့်သွင်းထားသော ပုံသေပိုင်ပစ္စည်းတန်ဖိုးကိုတွေ့ရမည်။


ပုံသေပိုင်ပစ္စည်းများ၏ တန်ဖိုးလျော့များကို ထည့်သွင်းရာတွင် နည်းလမ်းနှစ်ခုဖြင့်အသုံးပြုနိုင်ပါသည်။


ပထမနည်းအနေဖြင့် MSME Software တွင် Auto တန်ဖိုးလျော့ချနည်းကို အောက်ပါအတိုင်းထည့်သွင်းနိုင်ပါသည်။



Reports ကိုနှိပ်ပါ။



Fixed Assets ခေါင်းစဥ်အောက်ရှိ Depreciation Calculation Worksheet ကိုနှိပ်ပါ။



New Report ကိုနှိပ်ပါ။


From Date , To Date တွင် မည်သည့်လအတွက်ချမှတ်လိုကြောင်း တစ်လစာရက်ကို သတ်မှတ်ပေးရမည်။

Description တွင်မည်သည့်လအတွက်ဖြစ်ကြောင်း ထည့်သွင်းပါ။

Create ကိုနှိပ်ပါ။



Auto Depreciation ချထားသော ပုံသေပိုင်ပစ္စည်းစာရင်းကိုတွေ့မြင်ရမည်ဖြစ်သည်။

ညာဘက်အပေါ်ထောင့်ရှိ New Depreciation Entry ကိုနှိပ်ပါ။



Create ကိုနှိပ်ပါ။



Depreciation Entries တွင် ထည့်သွင်းထားသောလအတွက် ပုံသေပိုင်ပစ္စည်းများ၏ တန်ဖိုးလျော့ကို တွေ့ရမည်။

Balance Sheet ဘက်အခြမ်းရှိ Summary တွင်ပြန်လည်ကြည့်ရှုပါက...



သက်ဆိုင်ရာခေါင်းစဥ်တွင် တန်ဖိုးနှင့် တန်ဖိုးလျော့များကို တွေ့ရမည်။

Profit and Loss ဘက်ခြမ်းတွင် ကြည့်ရှုပါကလည်း...



သက်ဆိုင်ရာခေါင်းစဥ်တွင်စရိတ်အနေဖြင့် ပြနေသည်ကိုတွေ့ရမည်။


ဒုတိယနည်းအနေဖြင့် ပထမလတွင် တန်ဖိုးလျော့ကို Manual တွက်ပြီး လစဥ်ပြန်လည်ကူးယူပြီးတန်ဖိုးလျော့တွက်နိုင်ပါသည်။



Depreciation Entries ကိုနှိပ်ပါ။



Date တွင် Depreciation ချမည့်နေ့ကို သတ်မှတ်ပါ။

Description တွင် မည်သည့်လအတွက်ဖြစ်ကြောင်းထည့်သွင်းပါ။

Fixed Asset တွင် တန်ဖိုးလျော့ချမည့်ပစ္စည်းကို ရွေးချယ်ပါ။

Amount တွင် တန်ဖိုးလျော့ချမည့် တစ်လစာကို တွက်ချက်ထည့်သွင်းပါ။  (မူရင်း Cost* Depreciation Rate= ? , ?/ 12= တစ်လစာ depreciation amount)

Create ကိုနှိပ်ပါ။



ထည့်သွင်းထားသော (6) လပိုင်းအတွက် တန်ဖိုးလျော့ပမာဏကို တွေ့ရမည်။

နောက်လများအတွက် ထို ပမာဏအတိုင်းပဲ ဆက်လက်ချမည်ဆိုပါက View ကိုနှိပ်ပါ။



Clone ကိုနှိပ်ပါ။



Date တွင် တန်ဖိုးလျော့ချမည့်နေ့ကို ထည့်သွင်းပါ။

Description တွင် မည်သည့်လအတွက်ဖြစ်ကြောင်းပြန်လည်ပြင်ဆင်ပါ။

7 လပိုင်းတွင်အသစ်ဝယ်သော ပစ္စည်းများရှိပါက Add Row ကိုတိုး၍ တိုးလာသော ပစ္စည်းများအားတန်ဖိုးလျော့တွက်ချက်ထည့်သွင်းပါ။

Create ကိုနှိပ်ပါ။



လစဥ်အလိုက်တန်ဖိုးလျော့ချထားသော စာရင်းကို တွေ့ရမည်။



Fixed Assets Summary Report တွင် ကြည့်ရှုပါက ပုံသေပိုင်ပစ္စည်းစာရင်း၏အသေးစိတ်ကို တွေ့ရမည်။



More articles on MSME Books



More articles on MSME Books
Comments

No comments yet.

Add a comment
Ctrl+Enter to add comment