By Thu Thu Mon on November 23, 2021
Intermediate

POS Closing Voucher


POS invoice ဖြင့်ရောင်းရာတွင် တစ်နေ့တာ အရောင်းများကို POS Closing Voucher ပိတ်ပေးမှသာ ထိုနေ့အတွက် Inventory, ငွေစာရင်းစသည့် များစာရင်းသွင်းနိုင်မည်ဖြစ်သည်။

POS Closing ကို နေ့စဥ် တနေ့တာ အရောင်းစာရင်းပိတ်သည့် အချိန်တွင် မဖြစ်မနေ Run ပေးရန်လိုအပ်ပါသည်။

သို့မှသာ နေ့စဥ် အရောင်း စာရင်းများ ငွေစာရင်းများ ကို လယ်ဂျာတွင် စာရင်းသွင်းနိုင်မည်ဖြစ်သည်။


*** သတိထားရမည်မှာ POS Admin မှ POS Closing ပိတ်ချိန်တွင် Cashier User များကို အရောင်းရပ်ခိုင်း ၍ Software မှ Logout ထွက်ထားရန် မှာကြားပေးရမည်ဖြစ်သည်။ *** *** POS Closing မပိတ်ခင် POS Admin မှ Invoice Error များကို စစ်ဆေး၍ Closing မပိတ်ခင် အမှားပြင်ဆင်ပေးရန်လိုအပ်ပါသည်။ ***


(1) POS Closing Voucher Run ခြင်း

Home > Retail > Opening and Closing > POS Closing Entry ကိုနှိပ်ပါ။



Add POS Closing Entry ကိုနှိပ်ပါ။



Closing ပိတ်လိုသော POS Opening Entry ကိုရွေးပါ။

ထို Opening Entry မှ သက်ဆိုင်ရာ POS Invoice များကို Linked Invoice တွင်ဖော်ပြပေးမည်ဖြစ်သည်။



Mode of Payment တွင် Closing Amount ကို ထည့်၍ Save /Submit ကိုနှိပ်၍ POS Closing ပိတ်နိုင်မည်ဖြစ်သည်။



POS Closing ပိတ်ထားသော Voucher များကို Sales Invoice List တွင် Status Submitted ဖြင့်ပြသပေးမည်ဖြစ်သည်။



POS Closing ပိတ်ထားသော Voucher များကို POS Invoice List တွင် Status Consolidated ဖြင့်ပြသပေးမည်ဖြစ်သည်။



(2) ဆိုင်ခွဲများမှ ငွေသိမ်းခြင်း (Internal Cash Book Transfer)


POS ဆိုင်ခွဲ များရှိ Shop Cash Book များကို ပင်မ ဆိုင် ၏ Main Cash Book သို့ တနေ့တာ အရောင်းပိတ်ပြီးချိန်တွင် Internal Cash Book Transfer ပြုလုပ်ပေးရပါမည်။

>> Accounting > Payment Entry ကိုနှိပ်ပါ။



>> Series ရွေးချယ်ပါ။

>> Posting Date တွင် cash transfer လုပ်လိုသော Date ကိုထည့်ပါ။

>> Payment Type တွင် Internal Transfer ကိုရွေးချယ်ပါ။

>> Mode of Payment တွင် cash ထွက်မည့် Shop Cash account ကို ရွေးချယ်ပါ။

>> Accounts > Amount Paid To တွင် Transfer လုပ်လိုသော Cash Book Account ကိုရွေးပါ။

>> Amount တွင် Transfer လုပ်လိုသောငွေ amount ကိုထည့်ပါ။

>> Save > Submit လုပ်၍ Cash Book Transfer ပြုလုပ်နိုင်ပါသည်။


ထို့နောက် Cash Transfer ကို Cash ‌‌and Bank Details Report တွင် စစ်ဆေးနိုင်ပါသည်။



(3) POS Closing ပိတ်ပြီးချိန်တွင် တနေ့တာ စစ်ဆေးရမည့် Sales Report များ


(1) POS Register Report

တနေ့တာ POS အရောင်းများကို Report ကြည့်ရှုစစ်ဆေးလိုပါက POS Register Report တွင် စစ်ဆေးနိုင်ပါသည်။



(2) Sales Register Report

တနေ့တာ Sales Invoice အလိုက် အရောင်းများကို Report ကြည့်ရှုစစ်ဆေးလိုပါက Sales Register Report တွင် စစ်ဆေးနိုင်ပါသည်။



(3) Item Wise Sales Register Report

တနေ့တာ အတွက် ကုန်ပစ္စည်း တစ်ခု ခြင်းအလိုက် ရောင်းအားများကို Item Wise Sales Register Report တွင်စစ်ဆေးနိုင်ပါသည်။



(4) Sales Analysis Report

ရောင်းအားများကို Customer အလိုက်၊ Item Group အလိုက် စသည်ဖြင့် စစ်ဆေးလိုပါက Sales Analysis Report တွင်စစ်ဆေးနိုင်ပါသည်။



(4) Sales Invoice Trends Report

ကုန်ပစ္စည်းတစ်မျိုးခြင်းစီ၏ ရောင်းအားများကို လအလိုက်နှိုင်းယှဥ် စစ်ဆေးကြည့်ရှု လိုပါက Sales Invoice Trends Report တွင်စစ်ဆေးနိူင်ပါသည်။



(5) Gross Profit Report

ကုန်ပစ္စည်း တစ်မျိုးခြင်းစီ ၏ အကြမ်းအမြတ် များကိုစစ်ဆေးလိုပါက Gross Profit Report တွင် စစ်ဆေးနိူင်ပါသည်။



More articles on ERPNext



More articles on ERPNext
Comments

No comments yet.

Add a comment
Ctrl+Enter to add comment