By Eaint Thet Phoo on November 13, 2021
Intermediate

ကုန်ပစ္စည်းများကို Warehouse တစ်ခုမှ အခြားတစ်ခုသို့လွှဲပြောင်းပို့ဆောင်ရာတွင် ပထမဂိုထောင်မှ ကုန်ပစ္စည်းထွက်သွားသော်လည်း နောက်ဂိုထောင်တွင် လက်ခံရရှိခြင်းမရှိသေးပဲ လွှဲပြောင်းလိုက်သည့် အခြေအနေတစ်ခုတွင် ရောက်ရှိနေခြင်းကို Goods in Transit ဟုဆိုလိုပါသည်။


ERPNext တွင် Goods in Transit ကိုအောက်ပါအတိုင်းထည့်သွင်းနိုင်ပါသည်။

ပထမဂိုထောင်မှထုတ်ပေးလိုက်သည့် ကုန်ပစ္စည်းစာရင်းအား ထည့်သွင်းရန် Stock ထဲမှ Stock Entry ကိုနှိပ်ပါ။



Add Stock Entry ကိုနှိပ်ပါ။



Stock Entry Type တွင် Material Transfer ကိုရွေးချယ်ပါ။

Add to Transit ကိုအမှန်ခြစ်ပါ။

Posting Date တွင် ကုန်ပစ္စည်းထည့်ပေးလိုက်သည့်နေ့ကို ထည့်သွင်းပါ။



Default Source Warehouse တွင် ကုန်ပစ္စည်းထုတ်ပေးလိုက်သည့် Warehouse ကိုရွေးချယ်ပါ။

Default Target Warehouse တွင် ကြားခံ Warehouse တစ်ခုဖြစ်သည့် Goods in Transit ကို ရွေးချယ်ပါ။



Item Code တွင် လွှဲပြောင်းပေးလိုက်မည့် ကုန်ပစ္စည်းကိုရွေးချယ်ပါ၊

Qty တွင် လွှဲပေးလိုက်သည့် အရေအတွက်ကိုထည့်သွင်းပါ။

Save and Submit ကိုနှိပ်ပါ။


Stock Ledger တွင် ပြန်လည်စစ်ဆေးကြည့်ပါက...



ကုန်ပစ္စည်းထုတ်ပေးလိုက်သည့် Store Warehouse တွင် ကုန်ပစ္စည်းအရေအတွက်လျော့သွားမည်ဖြစ်ပြီး၊ ကြားခံ Warehouse တစ်ခုဖြစ်သည့် Goods in Transit တွင် ကုန်ပစ္စည်း အရေအတွက်တိုးသွားကြောင်းတွေ့ရမည်။


Accounting Ledger တွင် စစ်ဆေးပါက...



Goods in Transit Warehouse Account တွင် တန်ဖိုးတိုးလာပြီး

Store Warehouse Account ဖြစ်သည့် Stock in Hand တွင် တန်ဖိုးလျော့နည်းသွားသည်ကိုတွေ့ရမည်။


ကြားခံ Warehouse ဖြစ်သည့် Goods in Transit မှ နောက်ဂိုထောင်တစ်ခုသို့ အမှန်တကယ်ရောက်ရှိသည့်အခါတွင် ...



End Transit ကိုနှိပ်ပါ။



Posting Date တွင် ရောက်ရှိသည့်နေ့ကိုထည့်သွင်းပါ။



Default Target Warehouse တွင် လက်ခံရရှိသည့် Warehouse ကိုရွေးချယ်ပါ။



Qty တွင် အမှန်တကယ်လက်ခံရရှိသည့်အရေအတွက်ကိုထည့်သွင်းပါ။

Save and Submit ကိုနှိပ်ပါ။


Stock Ledger တွင်ပြန်လည်စစ်ဆေးကြည့်ပါက...



ကြားခံ Warehouse ဖြစ်သည့် Goods in Transit တွင် အရေအတွက်လျော့နည်းပြီး၊ လက်ခံလိုက်သည့် Warehouse တွင် အရေအတွက်တိုးလာကြောင်းတွေ့ရမည်။


Accounting Ledger တွင် စစ်ဆေးကြည့်ပါက...



လက်ခံလိုက်သည့် Warehouse Account တွင် တန်ဖိုးတိုးလာပြီး

ကြားခံ Warehouse Account ဖြစ်သည့် Goods in Transit တွင် တန်ဖိုးလျော့နည်းသွားသည်ကိုတွေ့ရမည်။


ကြားခံ Account ဖြစ်သည့် Goods in Transit Account ကို စစ်ဆေးကြည့်ပါက...



ပို့လိုက်သည့် ကုန်ပစ္စည်းတိုင်း လက်ခံရရှိထားသောကြောင့် Debit နှင့် Credit ညီပြီး Balance 0 ဖြစ်သွားကြောင်းတွေ့ရမည်။




More articles on ERPNext



More articles on ERPNext
Comments

No comments yet.

Add a comment
Ctrl+Enter to add comment