By Eaint Thet Phoo on August 26, 2020
Intermediate
လုပ်ငန်းတွေမှာ အသုံးပြုဖို့ စာရင်းကာလတစ်ခုထက်ပိုပြီး အသုံးပြုနိုင်တဲ့ ပစ္စည်းတွေကို စနစ်တကျ စာရင်းရေးသွင်းဖို့လိုပါတယ်။
စာရင်းကာလ တစ်ခု ထက်ပိုပြီးအသုံးပြုနိုင်တဲ့ ပစ္စည်းတွေ ဝယ်တဲ့အခါ လုပ်ငန်းရဲ့ စရိတ်အနေနဲ့ တန်းပြီး မပြသင့်ပါဘူး။
အမှန်တကယ် သုံးစွဲတဲ့ စာရင်းကာလအလိုက် မျှပြီး စရိတ်ကျခံဖို့လိုပါတယ်။



ပုံသေပိုင်ပစ္စည်းများဖြစ်တဲ့ Fixed Assets များကို မှန်ကန်စွာ စာရင်းသွင်းနိုင်ဖို့အတွက်

  1. ဝယ်သူသည့် ရက်စွဲ
  2. စတင် အသုံးပြုနိုင်သည့် ရက်စွဲ
  3. ကုန်ကျစရိတ် (ဝယ်ဈေး၊သယ်ဆောင်စရိတ်နဲ့ တပ်ဆင်ခများ)
  4. အသုံးပြုနိုင်မည့် နှစ်ကာလ
  5. အသုံးပြုကာလကုန်ဆုံးပြီးပြန်လည်ရောင်းချသည့်အခါ ရနိုင်သည့်တန်ဖိုးများကို ပစ္စည်းတစ်ခုချင်းအလိုက် သိဖို့လိုအပ်ပါတယ်။

ERPNext တွင် လုပ်ငန်းရှိ ပုံသေပိုင်ပစ္စည်း (Fixed Asset) များကိုထည့်သွင်းမည်ဆိုပါက Fixed Assets Categories ကို ဦးစွာထည့်သွင်းပေးရမည်။









Fixed Assets Categories ကို ထည့်သွင်းရန်...



Assets ကိုနှိပ်ပါ။



Assets အောက်မှ Asset Category ကိုနှိပ်ပါ။



New ကိုနှိပ်ပါ။

 



Asset Category Name တွင် ထည့်သွင်းလိုသော Asset Category အမျိုးအစားကို ထည့်သွင်းပါ။

Invoice ဖွင့်သည့်အခါ လက်ထဲတွင် ပစ္စည်းမရောက်သေးသည့်အခါ CWIP Account တွင်ယာယီ ထည့်သွင်းလိုပါက...

Enable Capital Work in Progress Accounting ကိုအမှန်ခြစ်ထည့်ပါ။ ( Fixed Assets Cost ကိုတန်းပြမည်ဆိုပါက အမှန်ခြစ်ထည့်ရန်မလိုပါ။)

Finance Book Detail အောက် ဇယားကွက်ရှိ

Depreciation Method တွင် တန်ဖိုးလျော့ချလိုသည့် နည်းလမ်းကို ရွေးချယ်ပါ။

Total Number of Depreciation တွင် Depreciation ချလိုသည့် လအရေအတွက်ကို ထည့်သွင်းပါ။

Frequency of Depreciation တွင် တစ်လတွင် Depreciation ချမှတ်မည့် အကြိမ်အရေအတွက်ကို ထည့်သွင်းပါ။

 

Accounts အောက်ဇယားကွက်ရှိ

Company တွင် Fixed Assets နှင့်သက်ဆိုင်သည့် Company ကိုရွေးချယ်ပါ။

Fixed Asset Account တွင် သက်ဆိုင်ရာ Account ကိုရွေးချယ်ပါ။

Accumulated Depreciation Account တွင် သီးခြားခွဲထားလိုပါက သက်ဆိုင်ရာ Accumulated Depreciation Account ကိုရွေးချယ်ပါ။

Depreciation Expenses Account တွင် သီးခြားခွဲထားလိုပါကသက်ဆိုင်ရာ Depreciation Expenses Account ကိုရွေးချယ်ပါ။

Capital Work in Progress တွင် CWIP Account ကိုရွေးချယ်ပါ။ (Enable Capital Work in Progress Accounting တွင်အမှန်ခြစ်မထည့်ထားပါက ရွေးရန်မလိုပါ။)



Save ကိုနှိပ်ပါ။


 


ထည့်သွင်းထားသော Assets Category ကိုတွေ့ရမည်။

အခြားသော Assets Category များရှိပါကလည်း ထိုနည်းအတိုင်းထည့်သွင်းပါ။


Assets Category ထည့်သွင်းပြီးပါက Location ကို ထည့်သွင်းပေးရမည်။


Location ကို ထည့်သွင်းရန်...



Assets အောက်ရှိ Location ကိုနှိပ်ပါ။



New ကိုနှိပ်ပါ။


Location Name တွင် ထားရှိလိုသော နေရာကို သတ်မှတ်ပါ။

 


Save ကိုနှိပ်ပါ။



ထည့်သွင်းထားသော Location ကိုတွေ့ရမည်။

ထပ်မံထည့်သွင်းလိုသော Location များ ရှိပါက ထိုနည်းအတိုင်း ထည့်သွင်းပါ။



ထည့်သွင်းထားသော Location များကို တွေ့ရမည်။

Fixed Assets Name ကိုထည့်သွင်းရန်...



Stock ကိုနှိပ်ပါ။



Item and Pricing အောက်ရှိ Item ကိုနှိပ်ပါ။


New ကိုနှိပ်ပါ။

 


Item Code တွင် သတ်မှတ်လိုသည့် Code No ကိုထည့်သွင်းပါ။

Item Name တွင် ထည့်သွင်းလိုသည့် Fixed Assets အမည် ကို ထည့်သွင်းပါ။

Item Group တွင် Fixed Assets ကို ရွေးချယ်ပါ။

အပြည့်အစုံ ထည့်သွင်းရန် အောက်ဆုံးမှ Edit in Full ကိုနှိပ်ပါ။

 

 


Include Item In Manufacturing ကို အမှန်ခြစ်ဖြုတ်ပါ။

Fixed Assets ကို အမှန်ခြစ်ထည့်သွင်းပါ။ Maintain Stock ပါ အမှန်ခြစ်ပျောက်သွားပါမည်။

Purchase Invoice ဖွင့်သည်နှင့်တပြိုင်နက် Asset ကို Create လုပ်လိုပါက...

Auto Create Assets on Purchase ကို အမှန်ခြစ်ထည့်ပါ။

Asset Category တွင် သက်ဆိုင်ရာ အမျိုးအစား ကိုထည့်သွင်းပါ။

Asset Naming Series ကိုထည့်သွင်းပါ။



Item Defaults အောက်ဇယားကွက်ရှိ

Company တွင် သက်ဆိုင်ရာ Company ကိုရွေးချယ်ပါ။

Default Warehouse တွင် သက်ဆိုင်ရာ Warehouse ကိုရွေးချယ်ပါ။



Save ကိုနှိပ်ပါ။

 


ထည့်သွင်းထားသော Fixed Asset Item ကိုတွေ့ရမည်။

 

ထည့်သွင်းထားသော Fixed Assets ကိုဝယ်ယူရန် Purchased Invoice ထည့်သွင်းမည်ဆိုပါက...



ဝယ်ယူမည့် Item ထဲရှိ Purchase Invoice ဘေးရှိအပေါင်းကိုနှိပ်ပါ။



Supplier တွင် supplier name ကို ထည့်သွင်းပါ။

Edit Posting Date and Time ကို အမှန်ခြစ်ထည့်သွင်းပါ။

Date တွင် ဝယ်ယူသည့် နေ့ကိုထည့်သွင်းပါ။


Update Stock ကိုနှိပ်ပါ။

Set Accepted Warehouse တွင် ကုန်ပစ္စည်းလက်ခံမည့် နေရာကို ထည့်သွင်းပါ။

Item တွင် ဝယ်ယူသည့် Assets ကိုရွေးချယ်ပါ။

Accepted Qty တွင် ဝယ်ယူသည့် အရေအတွက်ကို ထည့်သွင်းပါ။

Rate တွင် Item တစ်ခုအတွက်ကုန်ကျသည့် တန်ဖိုးကိုထည့်သွင်းပါ။

Amount ဘေးရှိ drop-down မြားလေးကိုနှိပ်ပါ။



Asset Location တွင် ထားရှိမည့် Location ကိုရွေးချယ်ပါ။

Save ကိုနှိပ်ပါ။


Submitted ကိုထပ်မံနှိပ်ပါ။


Yes ကိုနှိပ်ပါ။



Asset တွင်တစ်ပါတည်း ထည့်သွင်းပြီးကြောင်း Alert ပေးမည်ဖြစ်သည်။



Purchase Invoice List တွင် ကြည့်ရှုပါက ထည့်သွင်းထားသော invoice ကိုတွေ့ရမည်။

 

ထည့်သွင်းထားသော Asset ကိုကြည့်ရှုရန်


Assets ကိုနှိပ်ပါ။

Assets အောက်ရှိ Asset ကိုနှိပ်ပါ။



Draft ဖြစ်နေသော Asset Item ကိုတွေ့ရမည်။

Draft ဖြစ်နေသော Item ကိုနှိပ်ပါ။

 


Available-for-use-date တွင် စတင်သုံးစွဲမည့်နေ့ကို ရွေးချယ်ပါ။

Depreciation Method တွင် တန်ဖိုးလျှော့ချမည့် နည်းလမ်းကိုရွေးချယ်ပါ။

Total Number of Depreciation တွင် တန်ဖိုးလျှော့ချမည့် လအရေအတွက် ကိုထည့်သွင်းပါ။

Frequency of Depreciation တွင် လစဥ်လျှော့ချမည့် အကြိမ်အရေအတွက် ကိုထည့်သွင်းပါ။


Save ကိုနှိပ်ပါ။



Submit ကိုနှိပ်ပါ။


Yes ကိုနှိပ်ပါ။

 



တစ်လချင်းစီ အတွက်ချထားသော Depreciation Amount ကိုတွေ့ရမည်။


လုပ်ငန်း၏ Assets စာရင်းကို စစ်ဆေးရန်...



Reports အောက်ရှိ Asset Depreciation Ledger ကိုနှိပ်ပါ။



ကြည့်ရှုလိုသည့် Date ကိုရွေးချယ်ပါ။

Asset Category အလိုက် အသစ်ဝယ်သော စာရင်းဖြစ်ပါက Cost of New Purchase အကွက်တွင် စျေးနှုန်းကို တွေ့ရမည်။

ရှိပြီးသား Assets ဖြစ်ပါက Cost as on တွင် AssetOpening သတ်မှတ်ထားသောတန်ဖိုးကို တွေ့ရမည်ဖြစ်သည်။

တန်ဖိုးလျှော့ချစာရင်းသွင်းထားသော Fixed Asset ဖြစ်ပါက Accumulated Depreciation ခေါင်းစဥ်အောက်တွင် လျှော့ချထားသော တန်ဖိုးလျော့စုစုပေါင်းကို တွေ့ရမည်။

 


More articles on ERPNext V12



More articles on ERPNext V12
Comments

No comments yet.

Add a comment
Ctrl+Enter to add comment