By Eaint Thet Phoo on November 12, 2021
Intermediate

ERPNext တွင် Consignment ချထားသည့် ကုန်ပစ္စည်းစာရင်းကို အောက်ပါအတိုင်းထည့်သွင်းပေးနိုင်ပါသည်။


Consignment ချပေးမည့်ဆိုင်သို့ ကုန်ပစ္စည်းများပေးပို့သည့်အခါတွင် Delivery Note ကိုဖွင့်ပေးရပါမည်။



Delivery Note မှ New ကိုနှိပ်ပါ။



Customer တွင် Consignment ချပေးမည့် ဆိုင်ကိုရွေးချယ်ပါ။

Date တွင် ကုန်ပစ္စည်းချပေးလိုက်သည့်နေ့ကို ထည့်သွင်းပါ။



Set Source Warehouse တွင် ကုန်ပစ္စည်းထုတ်ပေးလိုက်သည့် Warehouse ကိုရွေးချယ်ပါ။

Item Code တွင် Consignment ချပေးသည့် ကုန်ပစ္စည်းများကို ထည့်သွင်းပါ။

Quantity တွင် ချပေးလိုက်သည့်အရေအတွက်ကိုထည့်သွင်းပါ။

Rate တွင် မည်သည့်စျေးနှုန်းဖြင့် ပေးလိုက်သည်ကိုသတ်မှတ်ပါ။



Discount % များလျှော့ပေးပါက Additional Discount ရှိ Additional Discount Percentage တွင် လျှော့ပေးသည့် ရာခိုင်နှုန်းကိုထည့်သွင်းပါ။



ရောင်းချပေးလိုက်သည့်သူအား ထည့်သွင်းမည်ဆိုပါက Sales Team ထဲရှိ Sales Person ကိုရွေးချယ်ပါ။

Sales Person တစ်ယောက်တည်းဆိုပါက Contribution တွင် 100 ကိုထည့်သွင်းပါ။

Save and Submit ကိုနှိပ်ပါ။


ထည့်သွင်းထားသော Transaction ၏ Accounting Ledger ကိုစစ်ဆေးကြည့်ပါက...



Warehouse တွင် (Credit), COGS Account တွင် (Debit) ဖြစ်နေသည်ကိုတွေ့ရမည်။


Stock Ledger တွင် စစ်ဆေးကြည့်ပါကလည်း



Consignment ချပေးလိုက်သည့် ကုန်ပစ္စည်းနှစ်ခုလုံး Warehouse မှ လျော့နည်းသွားသည်ကို တွေ့ရမည်။


Cosignment ချထားသည့် ဆိုင်များမှ ကုန်ပစ္စည်းများ Return ပြန်လာသည့်အခါတွင် Delivery Note Return ဖြင့် ထည့်သွင်းပေးနိုင်ပါသည်။


Delivery Note Return ကိုထည့်သွင်းရန်...



Consignment ချပေးထားသည့် Delivery Note ကိုနှိပ်ပါ။



Create ကိုနှိပ်၍ Sales Return ကို ထပ်မံနှိပ်ပါ။



Date တွင် Return ပြန်လာသည့်နေ့ကိုရွေးချယ်ပါ။



Set Source Warehouse တွင် သက်ဆိုင်ရာ Return Warehouse ကိုရွေးချယ်ပါ။



Item တွင် Return ပြန်ရသည့် ကုန်ပစ္စည်းနှင့် အရေအတွက်ကိုထည့်သွင်းပါ။

Save and Submit ကိုနှိပ်ပါ။


Stock Ledger ကိုပြန်လည်စစ်ဆေးပါက...



Return Warehouse တွင်ကုန်ပစ္စည်းတိုးလာသည်ကို တွေ့ရမည်။


Accounting Ledger ကိုစစ်ဆေးပါက...



သက်ဆိုင်ရာ Return Warehouse တွင် (Debit), COGS Account တွင် (Credit) ဖြစ်နေသည်ကိုတွေ့ရမည်။


ရောင်းရသည့်အရေအတွက်ကို ထည့်သွင်းရန် Delivery Note မှတစ်ဆင့် Sales Invoice ဖွင့်ပေးရမည်။


Sales Invoice ဖွင့်ရန်အတွက်...



မူလ Consignment ချပေးထားသော Delivery Note (To Bill) ကိုနှိပ်ပါ။



Create ကိုနှိပ်၍ Sales Invoice ကိုထပ်မံနှိပ်ပါ။



Date တွင် ရောင်းရသည့်ကုန်ပစ္စည်းစာရင်းရှင်းသည့် Invoice ဖွင့်မည့် နေ့ကိုရွေးချယ်ပါ။

Manual Ref ကိုထည့်သွင်းပါ။



Update Stock ကိုဖြုတ်ပါ။

Item တွင် Return ပြန်ထားသည့်အရေအတွက်ကိုနှုတ်ပြီး အမှန်တကယ်ရောင်းထွက်သွားသည့် ကုန်ပစ္စည်းစာရင်းကျလာသည်ကိုတွေ့ရမည်။

Save and Submit ကိုနှိပ်ပါ။


Accounting Ledger ကိုစစ်ဆေးကြည့်ပါက...



ရရန်ရှိစာရင်း Trade Debtor တွင် Debit, ကုန်ပစ္စည်းအရောင်းဝင်ငွေစာရင်းတွင် Credit ပေါ်နေသည်ကို တွေ့ရမည်။


Customer အလိုက် Consignment ချထားသည့် စာရင်းကိုပြန်လည်စစ်ဆေးမည်ဆိုပါက ...



Delivery Note (Consignment Report) တွင် ကုန်ပစ္စည်းချထားသည့် အရေအတွက်နှင့် Return ပြန်ထားသည့်အရေအတွက်ကို ပြန်လည်စစ်ဆေးနိုင်ပါသည်။














More articles on ERPNext Internal



More articles on ERPNext Internal
Comments

No comments yet.

Add a comment
Ctrl+Enter to add comment