BCNERP - Accounting Software တစ်ခု ကို ဘယ်လိုရွေးချယ်မလဲ

Accounting Software မဝယ်ယူမီ စဉ်းစားသင့်တဲ့အချက်တွေ အသုံးပြုမည့်သူဦးရေ၊ လုပ်ငန်းအမျိုးအစားနဲ့ကိုက်ညီမှု၊ အသုံးပြုလိုသည့် လုပ်ဆောင်ချက်များ၊ ဘာသာစကား၊ ဈေးနှုန်း၊ ဝယ်ယူပြီးအကူအညီ ရယူနိုင်မှု

 · 2 min read





များပြားလှတဲ့ Accounting Software တွေထဲမှာ လုပ်ငန်းနဲ့ကိုက်ညီမှုရှိ၊မရှိ
စဉ်းစားသင့်တဲ့အချက်တွေ
  1. အသုံးပြုမည့်သူဦးရေ
  2. လုပ်ငန်းအမျိုးအစားနဲ့ကိုက်ညီမှု
  3. အသုံးပြုလိုသည့် လုပ်ဆောင်ချက်များ
  4. ဘာသာစကား
  5. ဈေးနှုန်း
  6. ဝယ်ယူပြီးအကူအညီ ရယူနိုင်မှု တို့ကို မဖြစ်မနေထည့်သွင်းစဉ်းစားသင့်ပါတယ်။


အသုံးပြုမည့်သူဦးရေ

တစ်ယောက်ထဲသုံးမယ် ဆိုရင်တော့ On-Premises လို့ခေါ်တဲ့ ကွန်ပြူတာမှာ ထည့်သွင်းအသုံးပြုရတဲ့ Software ကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ On-Premises ကို မဝယ်ခင်မှာ မိမိ အသုံးပြုတဲ့ Computer ရဲ့ Operation System (OS) နဲ့ ကိုက်ညီမှုရှိ၊ မရှိ အရင်ဆန်းစစ်ဖို့ အရေးကြီးပါတယ်။ အဲ့တာကြောင့် မဝယ်ခင်မှာ အနိမ့်ဆုံး ရှိရမည့် မိမိ Computer Hardware နဲ့ OS (Windows) ကို ရောင်းချသူကို မေးဖို့လိုပါတယ်။


သုံးစွဲသူတစ်ယောက်ထက်ပို အသုံးပြုမယ် ဆိုရင်တော့ အားလုံးက ရုံးအဆောက်အဦး တစ်ခုထဲမှာ ပဲ သုံးမလား။ မတူညီတဲ့ ရုံးခွဲတွေ၊ နေရာတွေကနေ အသုံးပြုမလား ကိုစဉ်းစားသင့်ရပါမယ်။ ရုံးခန်း နေရာ တစ်ခုထဲမှာပဲသုံးရင် Client - Server အနေနဲ့ အသုံးပြုလို့ ရတာမျိုး ရွေးချယ်နိုင်ပါတယ်။


မတူညီတဲ့ နေရာ၊ ဒေသတွေကသုံးမယ် ဆိုရင်တော့ Cloud Based Software တွေကို အသုံးပြုသင့်ပါတယ်။ Cloud Based Software ကိုရွေးချယ်မယ် ဆိုရင် Private Cloud or Public Cloud ကို ရွေးချယ်ရပါမယ်။


Private Cloud သုံးမယ် ဆိုရင်တော့ သင့်လုပ်ငန်းမှာ ကျွမ်းကျင်တဲ့ IT Team ရှိဖို့လိုပါတယ်။ Public Cloud ဆိုရင်တော့ Service Provider တွေက တာဝန်ယူပေးထားတာမို့ IT Team မရှိလည်း ရပါတယ်။ ကုန်ကျစရိတ်ကတော့ လုံးချင်းအိမ်ယာဝယ်တာ နဲ့ တိုက်ခန်း၊ ကွန်ဒိုငှား နေသလိုကွာပါမယ်။ Private Cloud ဆိုတာ IT Hardware Infrastructure နဲ့ Technician တွေ ရှိရမှာမို့ ကနဦးကုန်ကျစရိတ်များပါမယ်။ လစဉ်ကုန်ကျစရိတ် အနေနဲ့ IT Technician ခန့်ထားတာအတွက် ကုန်ကျပါမယ်။


Public Cloud မှာတော့ သုံးသလောက်ပဲ ပေးရတာမို့ လစဉ် အသုံးပြုခ ပေးချသွားရုံပါပဲ၊ ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာသုံးလို့ရတယ် ။ တိုက်ခန်းလား၊ ကွန်ဒိုလား၊ ဗီလာလား ဆိုတာ လေးရွေးချယ်ရုံပါပဲ။


လုပ်ငန်းအမျိုးအစား

ဝန်ဆောင်မှုလုပ်ငန်း၊လက်လီ၊လက်ကား၊ ထုတ်လုပ်မှု ဆိုတာတွေပေါ် အခြေခံပြီး လုပ်ငန်းနှင့်ကိုက်ညီမည့် Software ကို ရွေးချယ်သင့်ပါတယ်။


ဝန်ဆောင်မှု လုပ်ငန်းဆိုရင် ကုန်ပစ္စည်းထိန်းစနစ် မလိုအပ်တဲ့အတွက် ငွေအဝင်အထွက်၊ ရရန်ရှိ၊ ပေးရန်ရှိလောက်ပါတာမျိုးဆို အသုံးပြုလို့ရပါတယ်။


လက်လီအရောင်း ဆိုရင်တော့ ကုန်ပစ္စည်းထိန်းစနစ် ပါဝင်ဖို့ အရေးကြီးပါတယ်။ ကုန်ပစ္စည်းတွေရဲ့ ဒီဇိုင်း၊ ကာလာ၊ အရွယ်အစား အမျိုးမျိုး၊ ကုန်ပစ္စည်းသက်တမ် းစတာတွေ ထိန်းချုပ်ဖို့လို၊ မလို ဆိုတာကို ထည့်သွင်းစဉ်းစားရပါမယ်။


လက်ကားဖြန့်ချိရေး လုပ်ငန်းတွေမှာ ဆိုရင်တော့ အကြွေးထိန်းစနစ်၊ ဈေးနှုန်းအမျိုးမျိုး သတ်မှတ်ဖို့၊ အရောင်းဝန်ထမ်းတွေရဲ့ အချက်အလက်တွေကို ထည့်သွင်းအသုံးပြုနိုင်ပြီး ဝန်ထမ်းတစ်ဦးချင်းရဲ့ ရောင်းအားတွေ၊ ဝယ်သူတစ်ဦးချင်းရဲ့ ဝယ်လိုအားတွေကိုပါ အသုံးပြုနိုင်တာမျိုး ရွေးချယ်သင့်ပါတယ်။


ထုတ်လုပ်မှုလုပ်ငန်းဆိုရင်တော့ ထုတ်လုပ်မှုပိုင်းကိုပါ လုပ်ဆောင်နိုင်တာကို ရွေးချယ်သင့်ပါတယ်။


အသုံးပြုလိုသည့် လုပ်ဆောင်ချက်များ

အထက် က ၂ ချက်မှာလည်း ပါသင့်သလောက်ပါပြီးပါပြီ။ Software တွေအမျိုးမျိုးရှိပြီး လုပ်ဆောင်ချက်တွေ၊ လုပ်ဆောင်ပုံတွေ မတူကြပါဘူး။ Smart Phone, Keypad Phone, Landline Phone စသည်ဖြင့် အမျိုးမျိုး ရှိကြသလိုပဲ၊ Software တွေရဲ့ လုပ်ဆောင်ချက်တွေလည်းမတူတာမို့ မိမိလိုချင်တာလေးတွေကိုမှတ်ထားပြီး ကိုက်ညီတာကို ရှာဖွေဖို့အကြံပြုလိုပါတယ်။


ဘာသာစကား

English လိုသုံးမလား၊ မြန်မာလိုလား၊ ဘာသာစကား အစုံသုံးချင်တာလား ဆိုတဲ့အပေါ်မှာလည်း ထည့်သွင်းစဉ်းစားရပါမယ်။ မြန်မာစာ သုံးမယ် ဆိုရင်တော့ Unicode အထောက်အပံ့ပြုတဲ့ Software ကိုပဲ သုံးပါလို့ အကြံပြုပါရစေ။


ဈေးနှုန်း

အရေးအကြီးဆုံးကတော့ ဈေးနှုန်းပေ့ါ။

ဈေးကြီးတိုင်းလည်း ကောင်းတယ်လို့ ပြောလို့မရသလို၊ ဈေးနည်းတိုင်းလည်း အဆင့်အတန်းမမီတာ ဖြစ်ချင်မှ ဖြစ်မယ်။

မိမိလိုအပ်ချက်ရယ်၊ ပေးနိုင်တဲ့ ဈေးရယ်ကို ချိန်ဆပါ။


ဝယ်ယူပြီးအကူအညီ ရယူနိုင်မှု

Software တစ်ခုဝယ်တယ်ဆိုရင် ရေရှည်အသုံးပြုရမှာမို့၊ After Sales Service အရေးကြီးပါတယ်။ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေရဲ့ ခိုင်မာမှုကလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ တစ်ဦးတစ်ယောက်ထဲကို မှီခိုတာထက်၊ အဖွဲ့အစည်းကို ရွေးချယ်ဖို့ (ယုံကြည်စိတ်ချရပြီး ဝန်ဆောင်မှုကောင်းဖို့) အရေးကြီးပါတယ်။


အထက်ကအချက်တွေကို အခြေခံပြီး မိမိရဲ့ လုပ်ငန်းနဲ့ကိုက်ညီမည့်၊ Budget နဲ့ကိုက်ညီတဲ့ Software များကိုရွေးချယ်ပါလို့ အကြံပြုလိုပါတယ်။

#thidabcn


San Thida

Founder and Business Development Director @ Business Centric Network

No comments yet.

Add a comment
Ctrl+Enter to add comment