ကွန်ပျူတာစာရင်းကိုင် စနစ်တစ်ခု အသုံးပြုဖို့ ဘာတွေပြင်ဆင်ထားရမလဲ

ကွန်ပျူတာစာရင်းကိုင် စနစ်တစ်ခု အသုံးပြုရန်အတွက် ကြိုတင်ပြင်ဆင်ရမည့် အရာများ

 · 1 min read

ကွန်ပျူတာ စာရင်းကိုင် စနစ်တစ်ခု အသုံးပြုရန်အတွက် ကြိုတင်ပြင်ဆင်ရမည့် အရာများ


လက်ရှိသုံးနေတဲ့ စနစ် တစ်ခုကနေ အခြား စနစ် တစ်ခုကို ပြောင်းလဲ အသုံးပြုတော့မယ် ဆိုရင် ဘာတွေ လုပ်ရမလဲ ဆိုတာကို သိချင်ကြပါတယ်။


လက်ရှိ အသုံးပြုနေတဲ့စနစ်ကို စာရင်းပိတ်သိမ်းပြီး စနစ်သစ်မှာ ထည့်သွင်းရန်လိုအပ်တဲ့ အရာများကတော့


၁) ကုန်လက်ကျန် အရေအတွက်နှင့်တန်ဖိုး

၂) ဝယ်သူစာရင်းနှင့် ရရန်ရှိစာရင်းများ

၃) ရောင်းသူ/ ကုန်ပေးသွင်းသူစာရင်းနှင့် ပေးရန်ရှိစာရင်းများ

၄) ပုံသေပိုင်ပစ္စည်းများ စာရင်း၊ဝယ်ရင်းတန်ဖိုးနှင့် တန်ဖိုးလျော့စာရင်းများ

၅) အခြားပေးရန်ရှိစာရင်းများ

၆) အခြားရရန်ရှိစာရင်းများ

၇) ရင်းနှီးမြှပ်နှံမှုစာရင်းများ

၈) ကြိုတင်ပေးငွေများ

၉) ကြိုတင်ရငွေများ

၁၀) ငွေသားလက်ကျန်စာရင်းများ စသည်တို့လိုအပ်ပါတယ်။


လုပ်ငန်းရှင်တော်တော်များများ အတွက်ကတော့ အမှတ်စဉ် (၁) ကနေ (၃) အထိ ကရှိကြပါတယ်။ ကျန်တာတွေမရှိကြပါဘူး။

အဲ့တာဆို ကျန်တာတွေမရှိရင် အသုံးပြုလို့မရတော့ဘူးလား။

အသုံးပြုလို့ရပါတယ်။ ပြီးပြည့်စုံတဲ့ ဘဏ္ဍာရေးရှင်းတမ်းတွေတော့ မရနိုင်ပါဘူး။



ဘယ်အချိန်မှာ စနစ် တစ်ခုမှ တစ်ခု ကို ကူးပြောင်းသင့်သလဲ ဆိုရင်တော့ စာရင်းကာလ အသစ်စတင်တဲ့အခါမှာ ပြောင်းလဲ အသုံးပြုတာ အကောင်းဆုံးပါပဲ။

လိုအပ်တဲ့အချက်အလက်များ ထည့်သွင်းရာမှာ မိမိတို့လုပ်ငန်းမှာ ကျွမ်းကျင်သူရယ်၊ အချိန်ရယ် ရှိတယ် ဆိုရင်တော့ ကိုယ်တိုင်ထည့်သွင်းတာ အကောင်းဆုံးပါ။

တကယ်လို့ ထည့်သွင်းမည့် ကျွမ်းကျင်သူ၊ အချိန် မလုံလောက်တဲ့ အခက်အခဲတွေ ရှိရင်လည်း One-Stop-Service အနေနဲ့ စာရင်းဖွင့်လက်ကျန်များထည့်သွင်းပေးတဲ့ ဝန်ဆောင်မှုကို ရယူလို့ရပါတယ်။


စနစ် အသစ်တစ်ခု ကို မကူးပြောင်းမီ လုပ်ငန်းနဲ့ ကိုက်ညီမှုရှိ၊ မရှိဆို တာကို အသေးစိတ် လေ့လာ၊ ဆွေးနွေးဖို့ အကြံပြုလိုပါတယ်။

Software တိုင်းမှာ အားသာချက်၊ အားနည်းချက်လေးတွေ ရှိကြပါတယ်။ မိမိလိုအပ်ချက်နဲ့ အများဆုံးကိုက်ညီတဲ့ Software မျိုးကို ရွေးချယ် အသုံးပြုပါ။




#BCN #MSMEBooks


San Thida

Founder and Business Development Director @ Business Centric Network

No comments yet.

Add a comment
Ctrl+Enter to add comment