Concept #1 Accruals Concept

လုပ်ငန်းရှင်တိုင်းသိသင့်တဲ့ အခြေခံ စာရင်းသဘောတရားများ

 · 1 min read

လုပ်ငန်းရှင်တိုင်းသိသင့်တဲ့ အခြေခံ စာရင်းသဘောတရားများ နဲ့ ပါတ်သတ်ပြီး အနည်းငယ် ပြောပြချင်ပါတယ်။




ကိုယ်တိုင်စာရင်းပညာရှင် မဟုတ်တဲ့အတွက် အသေးစိတ်သိဖို့ မလိုပေမည့် အခြေခံသဘောတရားတွေကို သိထားမယ်ဆိုရင် သင့်အတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုမှာ ဖြစ်ပါတယ်။




ပထမဆုံး အနေနဲ့တော့ ငွေစာရင်းရေးသွင်းတဲ့အခါမှာ အသုံးပြုနိုင်တဲ့ နည်းလမ်းများအကြောင်း တင်ပြသွားမှာ ဖြစ်ပါတယ်။ လုပ်ငန်းထဲ ကို ငွေအဝင်၊ အထွက် ရှိတာနဲ့ လုပ်ငန်းရဲ့ အရှုံး၊ အမြတ် က အတူတူပဲလို့ ထင်မှတ်တတ်ကြပါတယ်။ တကယ်တမ်းကတော့ မတူပါဘူး။

အောက်မှာ စာရင်းရေးသွင်းပုံ နှစ်မျိုးကို ရှင်းလင်းပြထားပါတယ်။





Cash Basic

ငွေသားကိုအခြေခံပြီးစာရင်းရေးသွင်းခြင်းကိုတော့ လုပ်ငန်းအသေးစားလေးတွေ လုပ်ငန်းစတဲ့အချိန်မှာ အသုံးများပါတယ်။ လုပ်ငန်းထဲကို ငွေဝင်လာတဲ့အချိန်မှာ လုပ်ငန်းရဲ့ ဝင်ငွေအဖြစ်စာရင်းရေးသွင်းကြပြီး၊ လုပ်ငန်းထဲမှ ငွေထွက်တဲ့အချိန်မှာ စရိတ်အဖြစ် စာရင်းရေးသွင်းကြပါတယ်။  


အားသာချက်

  1. စာရင်းရေးမှတ်ရာတွင် လွယ်ကူခြင်း
  2. ငွေသားစီးဆင်းမှုခြေရာခံနိုင်ခြင်း


အားနည်းချက်

  1. လုပ်ငန်း၏ စွမ်းဆောင်ရည်အမှန်ကို မသိနိုင်ခြင်း
  2. ကာလအလိုက် အရှုံးအမြတ်ကို မသိနိုင်ခြင်း
  3. ရရန်ရှိစာရင်းနှင့် ပေးရန်ရှိစာရင်းအား သီးခြားမှတ်သားရခြင်း







Accrual Basis

ဖြစ်ရပ်ကို အခြေခံ၍ စာရင်းရေးသွင်းခြင်းကိုတော့ လုပ်ငန်းအကြီးတွေမှာ အများဆုံးအသုံးပြုကြပါတယ်။ လုပ်ငန်း၏ ဝင်ငွေကို ငွေဝင်ခြင်း၊ မဝင်ခြင်းကို အခြေမခံပဲ အရောင်းကာလ သို့ ဝန်ဆောင်မှုပေးရသည့် ကာလအလိုက် စာရင်းရေးသွင်းခြင်းဖြစ်ပါတယ်။ အသုံးစရိတ်များကိုလည်း အမှန်တကယ် ပေးချေသည့်ရက်ထက် ထိုအသုံးစရိတ်များကို အသုံးပြုသည့်ကာလ၏ စရိတ်အဖြစ်စာရင်းရေးသွင်းခြင်း ဖြစ်ပါတယ်။


အားသာချက်

  1. လုပ်ငန်း၏ စွမ်းဆောင်ရည်အမှန်ကိုသိနိုင်ခြင်း
  2. ကာလအလိုက် လုပ်ငန်း၏ အမြတ် သို့ အရှုံးအားသိနိုင်ခြင်း
  3. ရင်းနှီးမြှပ်နှံသူများနှင့် လုပ်ငန်းသို့ ချေးငွေပေးမည့်အဖွဲ့အစည်းများ သဘောကျသည့် ပုံစံဖြစ်ခြင်း



အားနည်းချက်

  1. ငွေသားစီးဆင်းမှုအားအလွယ်တကူ မသိနိုင်ခြင်း
  2. စာရင်းရေးသွင်းရာတွင် အချိန်ပိုပေးရခြင်း
  3. အခွန်အခများပိုများနိုင်ခြင်း



လုပ်ငန်းရှင်တို့အနေနဲ့ လုပ်ငန်းနဲ့ ကိုက်ညီတဲ့ တစ်ခုကိုရွေးချယ်ပြီး အသုံးပြုနိုင်သလို နှစ်ခုကိုလည်း ရောပြီး အသုံးပြုနိုင်ပါတယ်။ Software တွေ အသုံးပြုတဲ့အခါမှာတော့ လွယ်ကူစွာပဲ သင့်တော်တဲ့ပုံစံကို ရွေးချယ်လိုက်လို့ ရပါတယ်။  Manual စနစ်နဲ့ စာရင်းသွင်းမယ် ဆိုရင်တော့ အသုံးမပြုမီမှာ သေချာစမ်းစစ်ပြီးမှ သင့်တော်တဲ့နည်းလမ်းကို ရွေးချယ်ပြီး အသုံးပြုပါလို့ အကြံပြုချင်ပါတယ်။



#ThidaBCN




San Thida

Founder and Business Development Director @ Business Centric Network

No comments yet.

Add a comment
Ctrl+Enter to add comment