BCNERP - Business Profit

လုပ်ငန်းအမြတ်ဆိုတာဘာလဲ

 · 1 min read

ဒီနေ့တော့ လုပ်ငန်း အမြတ် ဆိုတာလေးကို ဆွေးနွေးချင်ပါတယ်။


ပထမဆုံး ရောင်းဈေးကို ဘယ်လို သတ်မှတ်မလဲ။

ပစ္စည်းတစ်ခုရောင်းရရင် ဘယ်လောက်မြတ်လဲ။


တကယ်တမ်းတော့ စဉ်းစားကြည့်ရင် လွယ်လွယ်လေးကို ဘာတွေလာမေးနေတာလဲ။


ရောင်းဈေး ထဲက ဝယ်ဈေး နုတ်ရင် အမြတ်ပေ့ါ။


၁၅၀ နဲ့ရောင်းတယ်၊ ၁၀၀ နဲ့ဝယ်တယ် အဲ့တာဆို ၅၀ မြတ်တယ်လေ။


ဈေးတွက်တွက်ရင်မှန်ပါတယ်။


အထက်က ဥပမာ မှာ ၅၀ မြတ်တာကို အကြမ်းအမြတ်လို့ခေါ်ပါတယ်။


အဲ့ ၅၀ က တကယ်မြတ်ပြီလား။


သေချာစဉ်းစားကြည့်ပါနော်။


၁၀၀ တန်ပစ္စည်းကို ဝယ်တဲ့အခါ ဝယ်ရင်းဈေး ၁၀၀ အပြင် အခြားဘာတွေ ကုန်ကျစရိတ်ရှိသေးလဲ။


ဘာမှ မကုန်ဘူးလေ၊ အနားကဈေးမှာ လက်ကားဈေးနဲ့ဝယ်ပြီး၊ ဆိုင်မှာ လက်လီဈေးနဲ့ရောင်းတာလေ။


အဲ့ဆိုင်ကို လမ်းလျှောက်သွားလိုက်တာလေ၊ ဘာကုန်ကျစရာမှ မရှိဘူးလို့တွက်ကြပါတယ်။


အမှန်ကတော့ လုပ်အားခ၊ ဆိုင်ခန်းငှားခ၊ အခြား အခွန်အခတွေထည့်သွင်းတွက်ချက်ရပါမယ်။


ဝန်ထမ်းမငှားဘူးလေ လုပ်အားခ မကုန်ဘူးပေ့ါ၊ တကယ်လို့ သင်အခြားမှာ အလုပ်လုပ်မယ်ဆိုရင် လုပ်အားခ ရပါမယ်။ အခုက အဲ့ရမည့် လုပ်အားခကို စွန့်လွှတ်ပြီး ကိုယ်ပိုင်ဈေးရောင်းတာဖြစ်တဲ့အတွက်သင့်အတွက် လုပ်အားခကို ထည့်တွက်ရပါမယ်။


ဆိုင်ခန်းငှားခ၊ အိမ်မှာ ဖွင့်တာလေ၊ ဘယ်သူ့ကို ဆိုင်ခန်းငှားခ ပေးရတာမို့ ထည့်တွက်ရမလဲ။

သင် ဆိုင်ဖွင့်ထားတဲ့နေရာကို သူများကို ငှားရင် ဆိုင်ခန်းခ ရပါမယ်။ သင့်မှာနေရာမရှိလို့ သူများဆီမှာ နေရာငှားဖွင့်ရင် ဆိုင်ခန်းငှားခ ပေးရပါမယ်။


လုပ်ငန်းနှင့်ပါတ်သတ်ပြီး ကျသင့်ကျထိုက်သော စရိတ်များကို ထည့်သွင်းတွက်ချက်ရပါတယ်။


လုပ်ငန်းရဲ့ အမြတ်ခွန်က အမြတ် ရဲ့ ၂၀ ရာခိုင်နှုန်းပေးဆောင်ရမှာမို့ အမြတ်ခွန်ကိုလည်းထည့်သွင်းစဉ်းစားရပါမယ်။


အထက်က အချက်တွေကိုထည့်သွင်းစဉ်းစားမယ်ဆိုရင်

ရောင်းရငွေ ထဲက ကုန်ဝယ်စရိတ် နုတ်ရင် အကြမ်းအမြတ်ရပါမယ်။

အကြမ်းအမြတ်ထဲက နေ လုပ်ငန်းလစဉ် လည်ပါတ်စရိတ်တွေကို နုတ်ရင် အခွန် မဆောင်မီ အမြတ်ရပါတယ်။

အဲ့ထဲက အခွန်ဆောင်ဖို့ ၂၀ ရာခိုင်နှုန်း ဖယ်ပြီး ကျန်တဲ့ငွေကသာ သင့်အတွက် လုပ်ငန်းရဲ့ အသားတင်အမြတ်ဖြစ်ပါတယ်။


ကျွန်တော်၊ကျွန်မတို့က စာရင်းအင်းနားမလည်ဘူး၊ ကိန်းဂဏန်းတွေကို သဘောမကျဘူး အဲ့တော့ လစဉ် အမြတ်သိချင်ရင် ဘယ်လို လုပ်ရမလဲဆိုရင်တော့ BCN ကို အခုပဲဆက်သွယ်လိုက်ပါနော်။


သင့်တင့်သော နှုန်းထား၊ ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုများပေးနေပါပြီနော်။




San Thida

Founder and Business Development Director @ Business Centric Network

No comments yet.

Add a comment
Ctrl+Enter to add comment