BCNERP - Selling Module

လက်ငင်းရောင်း၊ အကြွေးရောင်းသာမက ဈေးနှုန်းများကို လုပ်ငန်းလိုအပ်ချက်အတိုင်း သတ်မှတ်နိုင်ပါတယ်

 · 1 min read




ဒီနေ့တော့ ERPNext ရဲ့ အရောင်းပိုင်းမှာ ဈေးနှုန်းများကို ပုံစံအမျိုးမျိုးဖြင့် သတ်မှတ်နိုင်ပါတယ်ဆိုတာလေးကို ရှင်းပြပေးမှာဖြစ်ပါတယ်။


  1. ကုန်ပစ္စည်း တစ်ခုချင်းစီမှာ ယူနစ် အမျိုးမျိုး သတ်မှတ်နိုင်ပြီး ယူနစ်တစ်ခုချင်းစီအလိုက် ရောင်းဈေးသတ်မှတ်ခြင်း (သို့) ယူနစ် တစ်မျိုးထဲဖြင့် ဈေးနှုန်းသတ်မှတ်ပြီး ယူနစ်အမျိုးမျိုးဖြင့် ရောင်းချသည့်အခါ အလိုအလျောက် ဈေးနှုန်းသတ်မှတ်ပေးခြင်း
  2. ကုန်ပစ္စည်း ၏ ထုတ်လုပ်သည့် Batch အလိုက် ဈေးနှုန်းသတ်မှတ်နိုင်သည့်အတွက် အချို့ ပစ္စည်းများအား ရောင်းအားမြှင့်တင်သည့်အခါ သက်တမ်းကုန်မည့် ရက်စွဲနီးသည့် ပစ္စည်းများအား ရောင်းဈေးတစ်မျိုး၊ အသစ်ဝင်သည့် ပစ္စည်းများအား ရောင်းဈေးတစ်မျိုးသတ်မှတ်နိုင်ခြင်း
  3. ရောင်းချသည့် ငွေကြေးယူနစ်အလိုက် ရောင်းဈေးသတ်မှတ်နိုင်ခြင်း
  4. ရောင်းချသည့်အရေအတွက် အနည်း၊ အများပေါ်မူတည်ပြီး ဈေးနှုန်းသတ်မှတ်နိုင်ခြင်း
  5. ဝယ်သူ သို့ ဝယ်သူ အုပ်စုအလိုက် ဈေးနှုန်းသတ်မှတ်နိုင်ခြင်း
  6. ဝယ်သူ၏နေရာဒေသအလိုက် ဈေးနှုန်းသတ်မှတ်နိုင်ခြင်း
  7. အရောင်းကူပွန်များ အလိုက် ဈေးနှုန်းသတ်မှတ်နိုင်ခြင်း တို့ကြောင့် လုပ်ငန်း ၏ လိုအပ်ချက်နှင့်ကိုက်ညီသည့် ဈေးနှုန်းသတ်မှတ်သည့် ပုံစံအား ရွေးချယ် အသုံးပြုနိုင်မည်ဖြစ်ပါသည်။



San Thida

Founder and Business Development Director @ Business Centric Network

No comments yet.

Add a comment
Ctrl+Enter to add comment