Point of Sales
သင့်လုပ်ငန်းအတွက် Point of Sales and Stock Control လုပ်ဖို့ Software ရှာနေလား
·
1 min read
ပထမဦးစွာ Point of Sales (POS) ဆိုတာ ဘာလဲ ဆိုတာလေးကို အရင်ဆုံးရှင်းပြပေးပါမယ်ရှင်။
- အရောင်းဆိုင်တွေရဲ့ နေ့စဉ် လုပ်ဆောင်ချက်တွေဖြစ်တဲ့
- အရောင်းစာရင်း
- ကုန်ပစ္စည်းအဝင်၊ အထွက်စာရင်း
- ကုန်ကျစရိတ်စာရင်း
- ငွေသား နဲ့ ကုန်လက်ကျန်စာရင်းများကို ကွန်ပြူတာ အသုံးပြုပြီး စီမံခန့်ခွဲတဲ့ စနစ် ဖြစ်ပါတယ်။
ဘာကြောင့် ကွန်ပြူတာနဲ့ စာရင်းလုပ်သင့်လဲ။
- တိကျ၊ မှန်ကန်တယ်။
- မြန်ဆန်တယ်။
- သေသပ်လှပတယ်။
- နေ့စဉ် အစီရင်ခံစာတွေ ရေးဆွဲဖို့ အချိန်သီးခြားပေးဖို့မလိုဘူး။
အားသာချက်
- နေ့စဉ် ရောင်းအား၊ ငွေသားလက်ကျန်၊ ကုန်ပစ္စည်း လက်ကျန်တွေကို အချိန်နဲ့ တပြေးညီသိနိုင်ပါတယ်။
- ဆိုင်ခွဲတွေရှိခဲ့ရင်လည်း မိမိဆိုင်မှာ ကုန်လက်ကျန် နည်းနေတဲ့အခါ သို့ တစ်ချို့ပစ္စည်းတွေ ပြတ်နေပြီး၊ ဝယ်လိုအား များနေတဲ့အခါမှာ အခြား ဘယ်ဆိုင်မှာ လက်ကျန်ရှိမလဲဆိုတာတွေ ချက်ချင်းသိနိုင်တယ်။
ERPNext တွင် လုပ်ဆောင်နိုင်သောအရာများ
- ကုန်ပစ္စည်းများတွင် သက်တမ်းလွန်ရက်စွဲသတ်မှတ်ထားနိုင်ခြင်း
- ကုန်ပစ္စည်းတွင် ပြန်လည်မှာယူရမည့် အရေအတွက် ထက်နည်းနေသော ကုန်ပစ္စည်းများအား အလိုအလျောက် အမှာစာပေးပို့ရန် email ပို့ပေးခြင်း
- ကုန်ပစ္စည်းတစ်မျိုးတွင် မတူညီသည့် ယူနစ်အမျိုးမျိုးသတ်မှတ်နိုင်ပြီး၊ ယူနစ် အလိုက် ဈေးနှုန်းသတ်မှတ်နိုင်ခြင်း
- ရောင်းချသည့် ပစ္စည်းအရေအတွက်အလိုက် ဈေးနှုန်းသတ်မှတ်နိုင်ခြင်း
- ဘားကုတ် အသုံးပြုနိုင်ခြင်း
- အကြွေးရောင်းစနစ်အား အသုံးပြုနိုင်ခြင်း
- Member and Point System များအသုံးပြုနိုင်ခြင်း
- မတူညီသည့် အရောင်ကွဲ၊ အရွယ်ကွဲများကို သတ်မှတ်နိုင်ခြင်း
လက်ရှိအသုံးပြုနေသည့် လုပ်ငန်းများကို အောက်မှာလေ့လာနိုင်ပါတယ်။
San Thida
Founder and Business Development Director @ Business Centric Network
No comments yet. Login to start a new discussion Start a new discussion