BCNERP - Manufacturing

ထုတ်လုပ်မှုလုပ်ငန်းများတွင် ERPNext ကိုအသုံးပြုပြီး သင့်လုပ်ငန်းများ၏လုပ်ဆောင်မှုများကို ပိုမိုအဆင်ပြေအောင်စွမ်းဆောင်နိုင်မည်ဖြစ်ပါသည်။

 · 1 min read

ဒီနေ့တော့ ထုတ်လုပ်မှုလုပ်ငန်းတွေထဲက နေ အထည်ချုပ်လုပ်ငန်းလေးနဲ့ နမူနာရှင်းပြချင်ပါတယ်။

  1. Manufacturing လုပ်ငန်းတွေအတွက် ထုတ်လုပ်မှု အဆင့်ဆင့်ကို ချိတ်ဆက်သွားနိုင်ခြင်း သို့ နောက်ဆုံးထွက်မည့် ကုန်ချောအား တိုက်ရိုက်ထုတ်လုပ်နိုင်ခြင်း စသည့်ဖြင့် လုပ်ငန်း အနေအထားအလိုက် ရွေးချယ် အသုံးပြုနိုင်ပါတယ်။
  2. ကုန်ကြမ်းကုန်ကျစရိတ်သာမက အလုပ်သမားစရိတ်၊ မီတာခ နဲ့ အခြား စက်ကိရိယာများအတွက် ကျသင့်တဲ့ စရိတ်များကိုပါထည့်သွင်းတွက်ချက်နိုင်ပါတယ်။
  3. ကုန်ကြမ်းဝယ်ယူမှုစရိတ်ပြောင်းလဲသွားပါက ကုန်ချောစရိတ်ကို အလိုအလျောက်တွက်ပေးနိုင်ပါတယ်။








ထုတ်လုပ်မှုလုပ်ငန်းတွေမှာ MTO - Make to Order နဲ့ MTS - Make to Stock ဆိုပြီး ၂မျိုးရှိကြပါတယ်။


MTO ဆိုတာကတော့ Order လက်ခံပြီး မှာယူရရှိသည့် Order အတိုင်း ထုတ်လုပ်ပေးတာဖြစ်ပြီး၊ MTS ဆိုတာကတော့ ထုတ်လုပ်၊ သိုလှောင်ပြီး ဈေးကွက်အတွင်းသို့ဖြန့်ဖြူးခြင်းဖြစ်ပါတယ်။

MTO - Make to Order

  1. MTO အနေနဲ့ ပထမဆုံး Uniform လက်ခံတယ် ဆိုကြပါစို့၊ Polo Shirt လေးတွေ ထုတ်လုပ်တဲ့ လုပ်ငန်းကြီးတစ်ခုအတွက်ဆိုရင် အနည်းဆုံးအရေအတွက် ဘယ်လောက်မှာမှ ချုပ်ပေးမယ်ဆိုတာလေးတွေရှိကြပါတယ်။
  2. ဥပမာအနည်းဆုံး အထည် ၃၀ မှ စချုပ်ပေးတယ်ဆိုပါဆို့၊ လုပ်ငန်းအကြီးတွေက ယူနီဖောင်းအပ်တဲ့အခါမှာတော့ အထည် ၅၀၊ ၁၀၀ အပ်တာ အဆင်ပြေပေမည့်၊ လုပ်ငန်းအငယ်စားလေးတွေ အနေနဲ့ အထည် ၃၀ လောက်က စယူရမယ်ဆိုအဆင်မပြေတတ်ကြပါဘူး။
  3. ရောင်းတန်းက အထည်ကိုလည်းမကြိုက်ဘူး၊ ကိုယ့်ဆီမှာအပ်ချင်တယ် ကိုယ်ကလည်း အထည်နည်းရင်ချုပ်ပေးဖို့အဆင်မပြေတတ်ပါဘူး။
  4. MTO ကိုသာသုံးပြီး အထည်နည်းလည်းလက်ခံမယ်၊ ရမည့်အချိန်ကတော့ တစ်ခြားအသေးလေးတွေ သို့ အခြား လုပ်ငန်းကြီးတစ်ခုက အပ်တဲ့အခါမှ ပေါင်းချုပ်ပေးမယ်ဆိုရင်မရနိုင်ဘူးလား။
  5. အထက်က အခက်အခဲကို ERPNext မှာ ဘယ်လိုပြေလည်စေနိုင်လဲဆိုတော့ အရောင်းအမှာစာလက်ခံထားမယ်။ ကုန်ပစ္စည်းထုတ်လုပ်တဲ့အချိန်မှာ Polo Shirt Cotton 100% Black Medium ဆိုတာလေးကို ရွေးချယ်ပြီး အရောင်းအမှာစာလက်ခံထားပြီး ပစ္စည်းမပေးရသေးတဲ့ အော်ဒါတွေကို ပေါင်းပြီး ထုတ်လုပ်မှု လုပ်နိုင်တဲ့အတွက် အထည်နည်းနည်းချင်းစုပြီး ပေါင်းထုတ်ချင်တာမျိုးအတွက် အဆင်ပြေပြေ အသုံးပြုလို့ရနိုင်ပါတယ်။

MTS - Make to Stock

  1. MTS အနေနဲ့ ကိုယ်ပိုင်တံဆိပ်နဲ့ ဈေးကွက်ထဲကိုဖြန့်ချိတဲ့အခါ၊ ရောင်းအားကောင်းတဲ့ကုန်ပစ္စည်းတွေကို အဆင့်ဆင့်ထုတ်လုပ်သိုလှောင်ရောင်းချကြပါတယ်။
  2. တစ်ခါတစ်လေလည်း လတ်တလော ရောင်းအားကောင်းတဲ့ပစ္စည်းကို ရောင်းအားမြှင့်တင်ပြီး ထုတ်လုပ်ရောင်းချကြပါတယ်။
  3. ERPNext က All-in-One Cloud Solutions ဖြစ်တာမို့ အရောင်းဌာနရဲ့ရောင်းအား၊ ကုန်ကြမ်း လက်ကျန်အစရှိသည့်တို့အပေါ်မှာ ထုတ်လုပ်မှုဌာနမှ တွက်ချက်ပြီး ဝယ်လိုအားနှင့်ကုန်ကြမ်းလက်ကျန်ကို ချိန်ဆပြီး ထုတ်လုပ်မည့် ပစ္စည်းများအတွက် Production Plan ကို ရေးဆွဲနိုင်မှာဖြစ်ပါတယ်။

Scrap Management

  1. ကုန်ထုတ်လုပ်မှုအဆင့်များတွင် ပျက်စီးသည့် ပစ္စည်းများ၊ ဘေးထွက်ပစ္စည်းများကိုလည်း ထုတ်လုပ်မှုအဆင့်တိုင်းမှာ သတ်မှတ်နိုင်မှာဖြစ်ပါတယ်။








အားသာချက်များအနေဖြင့်

  1. ကုန်ပစ္စည်းတစ်ခုကို ကုန်ကျစရိတ်ကို အနီးစပ်ဆုံးသိနိုင်သည့်အတွက် မှာယူသည့် အရေအတွက်အလိုက် ဈေးနှုန်းတွက်ချက်ရာတွင် လွယ်ကူစေခြင်း
  2. ထုတ်လုပ်သည့် နေ့ရက်အလိုက် Batch များကို မှတ်သားနိုင်ခြင်း
  3. ကုန်ကြမ်းကို လည်း ထုတ်လုပ်မည့်ပစ္စည်းအလိုက် သုံးရမည့် ကုန်ကြမ်းနှင့် လိုအပ်သည့်အရေအတွက်ကိုသိနိုင်သည့်အတွက် ကုန်ကြမ်းသိုလှောင်မှုကို လျော့ချနိုင်ခြင်း
  4. MTO ဖြင့် ထုတ်လုပ်သောပစ္စည်းများအတွက်လည်း ထုတ်လုပ်ပြီးသည်နှင့် ဖြန့်ချိနိုင်သည့်အတွက် သိုလှောင်စရိတ်လျော့ချနိုင်ခြင်း
  5. ထုတ်လုပ်သည့် နေရာမတူညီသော်လည်း ကုန်လက်ကျန်၊ ထုတ်လုပ်ဆဲ အရေအတွက်ကို ရုံးချုပ်သို့ အရောင်းဌာနမှ လွယ်ကူစွာသိနိုင်ခြင်း
  6. Reject များကိုလည်း Warehouse ခွဲထားပြီး အခါအားလျော်စွာ promotion များပြုလုပ်သည့်အခါ ကုန်လက်ကျန်ကို အလွယ်တကူသိနိုင်ခြင်းတို့ကြောင့် သင့်လုပ်ငန်းကို Digital Transformation လုပ်ဖို့ Software တစ်ခုရှာဖွေနေတယ်ဆိုရင်တော့ အခုပဲ BCN ကို ဆက်သွယ်လိုက်ပါရှင်





San Thida

Founder and Business Development Director @ Business Centric Network

No comments yet.

Add a comment
Ctrl+Enter to add comment