BCNERP - JIT Inventory Management

ကုန်သိုလှောင်စရိတ်နှင့် လေလွင့်မှုများလျော့ချနိုင်ရန် JIT Inventory Management ကို အသုံးပြုသင့်ပါတယ်။

 · 1 min read

အနည်းဆုံးလိုအပ်သည့် အရေအတွက်သာ သိုလှောင်ထားခြင်းဖြင့် ကုန်သိုလှောင်စရိတ်များလျော့ချနိုင်သည်သာမက သက်တမ်းလွန်ပြီးအလေအလွင့်ဖြစ်ခြင်းများကိုလည်းလျော့ချနိုင်ပါသည်။ ERPNext တွင် ကုန်ပစ္စည်းလက်ကျန်အရေအတွက်၊ အဝယ်အမှာစာပို့ထားပြီး မရောက်သေးသည့် ကုန်ပစ္စည်းအရေအတွက်၊ ရောင်းချပြီး ပေးပို့ရန်ကျန်သောအရေအတွက်၊ ထုတ်လုပ်မှုမှ ရရှိနိုင်မည့် အရေအတွက်များအပေါ်တွင် တွက်ချက်ပြီး ထပ်မံမှာယူရန် သို့မဟုတ် ထုတ်ရမည့် အရေအတွက်များကို သိနိုင်သည့်အတွက် မလိုအပ်ပဲ ကုန်ကြမ်းများစွာသိုလှောင်ရခြင်း၊ ကုန်ချောများကို သိုလှောင်ထားခြင်းများကြောင့်ကုန်ကျသည့်စရိတ်စကများကို လျော့ချပြီး လုပ်ငန်းအတွက် အခြားအရေးကြီးသည့်နေရာများတွင် ရင်းနှီးမြှပ်နှံခြင်းများပြုလုပ်နိုင်ပြီး အမြတ်ငွေများတိုးပွားအောင်လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

San Thida

Founder and Business Development Director @ Business Centric Network

No comments yet.

Add a comment
Ctrl+Enter to add comment