BCNERP - Inventory Management @ ERPNext

ဒီနေ့တော့ ERPNext ရဲ့ Inventory Module လေးမှာ ပါဝင်တဲ့ လုပ်ဆောင်ချက်လေးတွေကို ရှင်းပြချင်ပါတယ်။ Inventory Valuation - လက်ကျန် ကုန်ပစ္စည်းတန်ဖိုး ကို Perpetual or Period ၂ မျိုးလုံး အသုံးပြုနိုင်ပါတယ်။

 · 1 min read

ဒီနေ့တော့ ERPNext ရဲ့ Inventory Module လေးမှာ ပါဝင်တဲ့ လုပ်ဆောင်ချက်လေးတွေကို ရှင်းပြချင်ပါတယ်။

👉Inventory Valuation - လက်ကျန် ကုန်ပစ္စည်းတန်ဖိုး ကို Perpetual or Period ၂ မျိုးလုံး အသုံးပြုနိုင်ပါတယ်။

👉Inventory Costing - FIFO or Moving Average အသုံးပြုနိုင်ပါတယ်။

👉ကုန်ပစ္စည်းတန်ဖိုး တွက်ချက်ရာတွင် အခြား စရိတ်များကို လည်း အလွယ်တကူထည့်သွင်းတွက်ချက်နိုင်ပါတယ်။

👉ကုန်ပစ္စည်းတွေရဲ့ အမျိုးအစားအလိုက် အရောင်း၊ ကုန်ကျစရိတ်တွေကိုသီးခြား သိချင်တယ် ဆိုရင် စာရင်းခေါင်းစဉ် (သို့) cost center တွေ ခွဲပြီးသတ်မှတ်နိင်ပါတယ်။

👉ကုန်သိုလှောင်သည့်နေရာများခွဲထားနိုင်ပြီး ကုန်သိုလှောင်ရုံတစ်ခုချင်းလက်ကျန်၊ စုစုပေါင်းလက်ကျန် ကိုအလွယ်တကူ ကြည့်နိုင်ပါတယ်။

👉ကုန်ကျစရိတ်များမတူညီသည့်အခြေအနေမျိုးတွင်လည်း ကုန်သိုလှောင်ရုံအလိုက် costing တွက် နိုင်ပါတယ်။

👉ကုန်သိုလှောင်ရုံတစ်ခုမှ တစ်ခုသို့ ကုန်ပစ္စည်းပေးပို့ရာတွင် Goods In Transit ကိုလည်းအသုံးပြုနိုင်ပါတယ်။

👉အချို့ကုန်ပစ္စည်းများအား ဝယ်ယူသည့် ယူနစ် တစ်မျိုး၊ ကုန်လက်ကျန်ကောက်ယူသည့် ယူနစ်တစ်မျို၊ ရောင်းချသည့် ယူနစ် တစ်မျိုး တို့အတွက်လည်း ယူနစ် တစ်ခုနှင့် တစ်ခုခြား ဆက်စပ်မှုကို သတ်မှတ်ပေးပါက Auto Conversion ပြုလုပ်ပေးသည့်အတွက် မလိုအပ်သော အချိန်ကြန့်ကြာမှုများကို လျော့ချနိုင်ပါတယ်။

👉ရောင်းဈေးများ သတ်မှတ်ရာတွင် ယူနစ်အလိုက် သတ်မှတ်ခြင်း၊ ငွေကြေးစနစ်အမျိုးမျိုးအလိုက်သတ်မှတ်ခြင်း၊ ဝယ်ယူသည့်အရေအတွက် ပေါ်မူတည်သတ်မှတ်ခြင်း၊ ရက်အလိုက် လျော့ဈေးများပေးခြင်း စသည်ဖြင့် အမျိုးမျိုး အသုံးပြုနိုင်ပါတယ်။

👉ဆေး၊ အစားအသောက်တွေအတွက် သက်တမ်းကုန်ဆုံးမည့်ရက်ကိ မှတ်ထားလို့ရတာကြောင့် မလိုအပ်တဲ့ ဆုံးရှုံးမှုတွေ လျော့ချနိုင်တယ်။

👉တန်ဖိုးကြီးလျှပ်စစ် ပစ္စည်းတွေအတွက် Serial No တွေ မှတ်သားနိုင်တဲ့အတွက် ကုန်ပစ္စည်း အာမခံ သက်တမ်း မပြည့်မီ error တက်တဲ့အခါ မိမိဆိုင်က ရောင်းထားတဲ့ ပစ္စည်း ဟုတ်မဟုတ် စစ်ဆေးနိုင်တယ်။

👉အထည်၊ ဖိနပ် တွေမှာ အရွယ်၊ အရောင် တွေကို ခွဲပြီးမှတ်ထားလို့ရတာကြောင့် ရောင်းတဲ့အခါ လက်ကျန်ရှိ၊မရှိ တန်းပြီး သိနိုင်တယ်။

👉ဖုန်း၊ ကွန်ပြူတာတို့ အတွက်လည်း CPU, Memory, Color မတူတာတွေ ကို သီးခြား သတ်မှတ်နိုင်တယ်။

လူကြီးမင်း၏ လုပ်ငန်းနှင့် ကိုက်ညီမှုရှိ၊ မရှိကိုအသေးစိတ် ဆွေးနွေးချင်တယ်ဆိုရင်တော့ 📞09 977 160 671 ကို အခုပဲဆက်သွယ်လိုက်ပါနော်။

Page Messenger or viber +959977160671 ကိုလည်း ဆက်သွယ်နိုင်ပါတယ်ရှင်။

*****

📌ERPNext ကို လုပ်ငန်း အရွယ်အစား မရွေးအသုံးပြုနိုင်ပါတယ်။

📌ကုန်ကျစရိတ်အနေနဲ့လည်း လစဉ်ကြေး 50 USD မှ စတင် အသုံးပြုနိုင်ပါတယ်။

📌ERPNext ဆိုတာ Cloud Based ERP System တစ်ခု ဖြစ်တာမို့ အသုံးပြုဖို့အတွက် အင်တာနက် ရှိတဲ့ မည်သည့် Device မဆို အသုံးပြုနိုင်ပါတယ်။

ဖုန်း၊ တက်ဘလက်၊ ကွန်ပြူတာ တို့နဲ့အသုံးပြုနိုင်ပါတယ်။

📌တိကျသေချာတဲ့ စာရင်းဇယားဆိုတာ လုပ်ငန်းတိုင်းအတွက် မရှိမဖြစ်လိုအပ်တာမို့ ကုန်ကျစရိတ်လို့ မစဉ်းစားသင့်ပါ။ သင့်လုပ်ငန်းအတွက် Dashboard ကောင်းကောင်းရှိမှသာ လိုရာခရီးကို အမြန်ရောက်ဖို့ လိုအပ်သော ဆုံးဖြတ်ချက်တွေချဖို့ အထောက်အကူ ဖြစ်စေနိုင်တာမို့ Software အသုံးပြုခြင်းဆိုတာ ရင်းနှီးမြှပ်နှံမှုပဲဖြစ်ပါတယ်ရှင်။

လက်ရှိ BCN မှ ဝန်ဆောင်မှုပေးနေသည့် ERPNext ကို အသုံးပြုနေသည့် Clients များစာရင်းကို အောက်က link မှာ ကြည့်လို့ရပါတယ်ရှင်။

https://bcnerp.com/erpnext-clients

#bcnerp #erpnext


San Thida

Founder and Business Development Director @ Business Centric Network

No comments yet.

Add a comment
Ctrl+Enter to add comment