BCNERP - ERPNext Inventory Management

လုပ်ငန်းရဲ့ အလေအလွင့်အများဆုံးကတော့ Inventory ပိုင်းဖြစ်သည့်အတွက် စနစ်ကျသော Inventory System တစ်ခုကိုသုံးခြင်းအားဖြင့် လုပ်ငန်း၏ အလေ့အလွင့်များကို လျော့ချနိုင်မည်။

 · 1 min read

ERPNext သည် ကမ္ဘာ့အကောင်းဆုံး ERP များထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး၊

ERPNext ကို စီးပွားရေးလုပ်ငန်း အမျိုးမျိုးမှာ အသုံးပြုနေကြတာဖြစ်ပါတယ်

ဒီနေ့တော့ Inventory Module ရဲ့ လုပ်ဆောင်ချက်များကို ရှင်းလင်းတင်ပြပေးမှာဖြစ်ပါတယ်







  1. Periodic Inventory System vs Perpetual Inventory System ကြိုက်နှစ်သက်ရာ အသုံးပြုနိုင်ခြင်း
  2. Costing တွက်ရာတွင်လည်း ကုန်ပစ္စည်း အလိုက် Average Costing or FIFO အသုံးပြုနိုင်ခြင်း
  3. ကုန်ပစ္စည်း ၏ ဝယ်ရင်းဈေးအပြင် အခြား စရိတ်များကိုပါ ထည့်သွင်းတွက်ချက်နိုင်ခြင်း
  4. ကုန်သိုလှောင်သည့်နေရာ မတူသည့်အခါတွင် စရိတ်များ မတူနိုင်သည့်အတွက် Costing သီးခြားတွက်နိုင်ခြင်း
  5. ကုန်ပစ္စည်း လက်ကျန် အရေအတွက် နည်းသည့်အခါ အဝယ်အမှာစာအလိုအလျောက် ထုတ်ပေးနိုင်ခြင်း
  6. ကုန်ပစ္စည်း တစ်ခုတွင် ယူနစ်များ မတူညီပါက အလိုအလျောက် ဈေးနှုန်းတွက်ချက်ပေးနိုင်ခြင်း
  7. ဆိုင်ခွဲအလိုက် ၊ ဝယ်သူအလိုက်၊ ကုန်ပစ္စည်း ယူနစ်အလိုက် ၊ ဝယ်ယူသည့်ပမာဏ အလိုက် မတူညီသော ဈေးနှုန်းများသတ်မှတ်နိုင်ခြင်း
  8. ဘားကုတ် အသုံးပြုနိုင်ခြင်း (ကုန်ပစ္စည်း တစ်ခုတွင် ဘားကုတ် တစ်ခု ထက်ပို သတ်မှတ်နိုင်ခြင်း)
  9. ကုန်ပစ္စည်း ၏ သက်တမ်းကုန်ဆုံးမည့်ရက် ၊ ထုတ်လုပ်သည့် ရက်အလိုက် Batch Code များ သတ်မှတ်နိုင်ခြင်း
  10. တန်ဖိုးကြီးပစ္စည်းများတွင် ပစ္စည်း တစ်ခုခြင်းအတွက် Serial သတ်မှတ်နိုင်ခြင်း
  11. အမျိုးအစားတူ အရောင်ကွဲ၊ အရွယ်မတူညီသည့် ပစ္စည်းများအတွက် Variant အသုံးပြုနိုင်ခြင်း
  12. ကုန်ပစ္စည်းများ စုစည်းပြီး အထူးဈေးဖြင့် ရောင်းချနိုင်ခြင်း တို့သာမက အခြားသော လုပ်ဆောင်ချက်များလည်း စုံလင်လှပါတယ်။


မလိုအပ်သော လေ့လွင့်မှုများကို လျော့ချခြင်းဖြင့် လုပ်ငန်း၏ စွမ်းဆောင်ရည်ကို တိုးမြှင့်နိုင်မည်ဖြစ်ပါသည်။




San Thida

Founder and Business Development Director @ Business Centric Network

No comments yet.

Add a comment
Ctrl+Enter to add comment