BCNERP - ERPNext for Service Industry

ဝန်ဆောင်မှုလုပ်ငန်းများတွင်အသုံးပြုပုံ

 · 1 min read

ဒီနေ့တော့ ERPNext ကို ဝန်ဆောင်မှုလုပ်ငန်းများအတွက် အသုံးပြုမည့် ပုံစံလေးကို ရှင်းပြပေးချင်ပါတယ်။




ဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့

ကျောင်း

ဥပဒေအကြံပေး

စာရင်းပိုင်းဆိုင်ရာ အကြံပေး

ISP

Rental Service များအတွက်


အသုံးပြုခများကို ပေးသွင်းတဲ့အခါ

လစဉ်ပေးသွင်းခြင်း

၃ လ တစ်ကြိမ်ပေးသွင်းခြင်း

၆ လ သို့ နှစ်စဉ်ပေးသွင်းခြင်းများ အပေါ်မူတည်ပြီး ဈေးနှုန်းများမတူကြပါဘူး။


အချို့လုပ်ငန်းများမှာလည်း ဝန်ဆောင်မှုကို စတင် သုံးစွဲသည့်အချိန်မှ စတင်ပြီး ကာလအလိုက် အသုံးပြုခများကောက်ခံပါတယ်။

အချို့လုပ်ငန်းများကတော့ Billing Cycle ကို လကုန်သတ်မှတ်ကောက်ခံပါတယ်။


သုံးစွဲသူများလာတာနဲ့အမျှ အချိန်မီ ပြေစာထုတ်ရတာ အလုပ်တစ်ခုဖြစ်လာပါတယ်။ တစ်ခါတစ်လေမှာလည်း သုံးစွဲသူ က ဆက်လက်သုံးစွဲခြင်းမပြုပေမည့် မှားယွင်းပြီးပြေစာပေးပို့မိတာတွေ ဖြစ်တတ်ပြီး၊ ပို့ရမည့်သူတွေကို ပို့ဖို့ကျန်ခဲ့တာလေးတွေဖြစ်တတ်ပါတယ်။


ERPNext မှာတော့ ထပ်ခါထပ်ခါ ပေးပို့ရမည့် ပြေစာတွေကို ဘယ်အချိန်မှာ ထပ်ထုတ်ရမလဲဆိုတာသတ်မှတ်ထားနိုင်ပါတယ်။

Workflow တွေထည့်ပြီးလည်း ပြေစာကို စစ်ဆေးရမည့်သူထံသို့ reminder တွေ ပေးပို့နိုင်ပါတယ်။

သုံးစွဲသူထံသို့ တိုက်ရိုက် email များကိုလည်းပေးပို့နိုင်တာမို့ အချိန်ကုန်သက်သာပြီး အမှားအယွင်းများကိုလျော့ချနိုင်ပါတယ်။


သုံးစွဲသူက ၁ နှစ်စာကြိုသွင်းတဲ့အခါ စာရင်းသဘောအရ ဝင်ငွေမဟုတ်သေးတဲ့အတွက် Defer Accounting ကို အသုံးပြုရမှာဖြစ်ပါတယ်။ Defer Revenue ကို တစ်ခါထဲ စာရင်းသွင်းနိုင်တာမို့ လကုန်တဲ့အခါ စာရင်းပြန်လည် ညှိနှိုင်းခြင်းများပြုလုပ်ဖို့အတွက်လည်း အချိန်သက်သာသွားမှာဖြစ်ပါတယ်။



သင့်လုပ်ငန်းနဲ့ကိုက်ညီမှု ရှိ၊မရှိ အသေးစိတ်ဆွေးနွေးလို ပါက 09 977 160 671 ကိုဆက်သွယ်နိုင်ပါတယ်။



San Thida

Founder and Business Development Director @ Business Centric Network

No comments yet.

Add a comment
Ctrl+Enter to add comment