BCNERP - Successful Software Implementation

ပထမဆုံး Successful Software Implementation ဆိုတာ လုပ်ငန်းရဲ့ လိုအပ်ချက်တွေကို သဘောတူညီထားတဲ့ Scope အတွင်း၊ သတ်မှတ်အချိန်ကာလနဲ့ ဘတ်ဂျတ်အတိုင်း အောင်မြင်စွာ အသုံးပြုနိုင်ခြင်းကို ဆိုလိုပါတယ်။

 · 2 min read

Successful Software Implementation



✔️ပထမဆုံး Successful Software Implementation ဆိုတာ

လုပ်ငန်းရဲ့ လိုအပ်ချက်တွေကို သဘောတူညီထားတဲ့ Scope အတွင်း၊ သတ်မှတ်အချိန်ကာလနဲ့ ဘတ်ဂျတ်အတိုင်း အောင်မြင်စွာ အသုံးပြုနိုင်ခြင်းကို ဆိုလိုပါတယ်။

*****************************************

🏆BCN Team အနေနဲ့ ERPNext Implementation လုပ်တဲ့အချိန်မှာ အဆင့် (၅) ဆင့် သတ်မှတ်လုပ်ဆောင်ပါတယ်။

*****************************************

💎Product Demonstration

ပထမဆုံး အနေနဲ့ ERPNext ရဲ့ လုပ်ဆောင်ချက်များကို ရှင်းလင်းပြသပေးပါတယ်။ ဒီအဆင့်မှာ လုပ်ငန်း တစ်ခုချင်းရဲ့ အနေအထားအလိုက် သက်ဆိုင်ရာ Domain များကို ရှင်းလင်းပြသပေးပါတယ်။

Trading, Retail, Service, Manufacturing, Education, Healthcare စသည်ဖြင့် လုပ်ငန်းအမျိုးအစားများ မတူတဲ့အခါ Software မှာ အသုံးပြုရမည့် လုပ်ဆောင်ချက်တွေ မတူနိုင်ပါဘူး။

လုပ်ငန်းအမျိုးအစားတူပေမည့်လည်း လုပ်ငန်းတစ်ခုနဲ့ တစ်ခု အသုံးပြုချင်သည့် လုပ်ဆောင်ချက်တွေ ထပ်တူမတူညီကြပါဘူး။

*****************************************

💎Business Analysis

ဒုတိယ အဆင့်အနေနဲ့တော့ လုပ်ငန်းရဲ့ သဘောသဘာဝကို အသေးစိတ်လေ့လာပါတယ်။

ဒီအပိုင်းကတော့ လုပ်ငန်းရှင်များနှင့် လက်ရှိဌာနအသီးသီးမှာ တာဝန်ယူလုပ်ဆောင်နေတဲ့ တာဝန်ရှိသူများမှ လုပ်ငန်းအကြောင်း အသေးစိတ်ကို ဦးဆောင်ဆွေးနွေးတင်ပြပေးခြင်းဖြစ်ပါတယ်။ BCN Team မှ သိလိုသည့်အကြောင်းအရာများကို အပြန်အလှန်မေးမြန်းဆေးနွေးကြမှာဖြစ်ပါတယ်။

*****************************************

💎Requirements Gathering and Scoping

တတိယ အဆင့်အနေနဲ့တော့ လုပ်ငန်းရဲ့ လိုအပ်ချက်အရ Software ကို အသုံးပြုမည့် အပိုင်းကို ဆွေးနွေးပါတယ်။ Product Demonstration များဆက်လက်လုပ်ဆောင်ကြပါတယ်။ ကနဦး တင်ပြချက်တုန်းက လုပ်ငန်းရဲ့ လိုအပ်ချက်ကို အသေးစိတ် မသိသေးတာမို့ အဆင့် (၂) မှာ ဆွေးနွေးခဲ့တာလေးတွေကို အခြေခံပြီး၊ အသေးစိတ် Demonstration လုပ်ဆောင်ပေးပါတယ်။ လက်ရှိ Software ရဲ့ လုပ်ဆောင်ချက်နှင့် လုပ်ငန်းလိုအပ်ချက် ကိုက်ညီမှု ရှိ၊မရှိ ဆိုတာကို အသေးစိတ်ဆွေးနွေးပါတယ်။ အချို့ ကိုက်ညီမှု မရှိသည့်အပိုင်းများကို Software အနေဖြင့် မည်သို့လုပ်ဆောင်ရနိုင်ကြောင်း Work Around Solutions များကို အခြေခံ ဆွေးနွေးပြီး၊ မဖြစ်မနေ Customized လုပ်ဆောင်ရမည့် အပိုင်းများကိုလည်း အသေးစိတ်ဆွေးနွေး အတည်ပြုကြပါတယ်။

အထက်က အချက်များဆွေးနွေးပြီးတဲ့အခါမှာ Team Building, Business Scoping, Budget, Timeline and Go-Live Date များကို အတည်ပြုကြမှာဖြစ်ပါတယ်။

*****************************************

💎Implementation and Training

စတုတ္ထအဆင့်မှာတော့ အထက်က ဆွေးနွေးချက်များကို အခြေခံပြီး Software ကို စတင်အသုံးပြုနိုင်ရန်အတွက် Customization များပြုလုပ်ခြင်း၊ စာရင်းဖွင့်လက်ကျန်များထည့်သွင်းခြင်းနှင့် လိုအပ်သည့် Configuration များကို လုပ်ဆောင်ပါတယ်။

အသုံးပြုမည့် သူများအား ကဏ္ဍအလိုက် Software အသုံးပြုနည်း သင်တန်းများပို့ချပေးပါတယ်။ သင်ကြားနေသည့် အချိန်အတွင်း ကျွမ်းကျင်မှု ရှိစေရန် အသုံးပြုမည့်သူများမှ လက်တွေ့စာရင်းသွင်းခြင်းများကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။

သင်တန်းပို့ချပြီးသည့်အခါ အသုံးပြုမည့်သူများမှ Software တွင် Daily Transactions များသွင်းခြင်း၊ သက်ဆိုင်ရာအစီရင်ခံစာများကို တိုက်ဆိုင်စစ်ဆေးခြင်းများပြုလုပ်ကြပါတယ်။

*****************************************

💎Go-Live and Post Implementation

ယခု အဆင့်မှာတော့ လုပ်ငန်းမှ နေ့စဉ်လုပ်ဆောင်ချက်များကို Software တွင် စတင်ထည့်သွင်းသည့်အဆင့်ရောက်ပြီး၊ အသုံးပြုစဉ် လိုအပ်သည့် အကူအညီများကို အချိန်နှင့်တပြေးညီ BCN Team မှ ပံ့ပိုးလုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

အချက်အလက်များထည့်သွင်းပြီးသည့်အခါ အစီရင်ခံစာများကို ထုတ်ယူအသုံးပြုရန်အတွက် အချို့ ပုံစံများအား အသေးစားပြင်ဆင်ခြင်းများကို အသုံးပြုသူများကိုယ်တိုင်လုပ်ဆောင်နိုင်ရန်အတွက်လည်း ထည့်သွင်းသင်ကြားပေးမှာဖြစ်ပါတယ်။

အချို့ လုပ်ဆောင်ချက်များကို ထပ်မံအသုံးပြုရန်အတွက် လိုအပ်ပါက မေးမြန်းဆွေးနွေးနိုင်ပါတယ်။

အချို့လုပ်ငန်းများတွင် အသုံးပြုသူ အသစ်များရောက်လာသည့်အချိန်များတွင် အသုံးပြုနည်းသင်တန်းများ ထပ်မံပို့ချရန်လိုအပ်ပါကလည်း ဝန်ဆောင်မှုကို ထပ်မံယူနိုင်မှာဖြစ်ပါတယ်။

*****************************************

🔖တစ်ချို့ Project များတွင် လုပ်ငန်းရှင်ဖက်မှ Change Agentအဖြစ် ယုံကြည်စွာအပ်နှံထားသည့် Triumph Business Solutions နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ 🔖

*****************************************

🤩BCN က ဝန်ဆောင်မှုပေးနေတဲ့ ERPNext ရဲ့ Inventory Module လေးက အထက်ကအခက်အခဲတွေကို ကူညီဖြေရှင်းပေးခဲ့လို့ အဆင်ပြေစွာအသုံးပြုနေကြတဲ့ လုပ်ငန်းများစာရင်းကိုလည်းလေ့လာနိုင်ပါတယ်ရှင်။

https://bcnerp.com/erpnext-clients

*****************************************

☎️သင့်လုပ်ငန်းနဲ့ကိုက်ညီမှု ရှိ၊ မရှိကို ဆွေးနွေး လိုတယ်ဆိုရင်တော့ 09 977 160 671 သို့ page messenger ကနေ ဆက်သွယ်နိုင်ပါတယ်ရှင်။

*****************************************

အသုံးပြုနည်း video များကိုလေ့လာရန်

https://www.youtube.com/@bcnerpnext

*****************************************

အသုံးပြုနည်းလမ်းညွှန်များကို လေ့လာရန်

https://docs.bcnerp.com/home

#bcn #ERPNext #accounting #implementation #profitmaximization #growth #TogetherWeGrowBetter


San Thida

Founder and Business Development Director @ Business Centric Network

No comments yet.

Add a comment
Ctrl+Enter to add comment